Tuesday, July 3, 2018

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် မန္တလေးဟိုတယ်နှင့်သက်မွေးပညာသင်တန်းကျောင်းမှ သင်တန်းသား သင်တန်းသူများ၊ ကြီးကြပ်သူ ဆရာ ဆရာမများနှင့်တွေ့ဆုံ

Image may contain: 7 people, people sitting and people standing
နေပြည်တော် ဇူလိုင် ၂
မန္တလေးဟိုတယ်နှင့် သက်မွေးပညာသင်တန်း ကျောင်းမှ သင်တန်းသား သင်တန်းသူများနှင့် ကြီးကြပ်သူ ဆရာ ဆရာမများသည် ယနေ့တွင် လေ့လာရေးခရီးစဉ်အဖြစ် နေပြည်တော်သို့ ရောက်ရှိကြပြီး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် နှင့် ဌာနမှတာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာ နိုင်ငံ ခရီးစဉ်ဒေသများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၊ ပုဂ္ဂလိက ပိုမို ပူးပေါင်းဆောင်ရွက်မှသာ ဖွံ့ဖြိုးတိုးတက်အောင်မြင် မည်ဖြစ်ကြောင်း၊ ရှေ့ဆက်ပြီး အစိုးရကဏ္ဍအနေ ဖြင့်လည်း ပိုမိုပြည့်စုံသော အစီအစဉ်များ ဖြင့် ဆက်လက်ဆောင်ရွက်သွားရန်ရှိကြောင်းနှင့် မန္တလေး ဟိုတယ်နှင့်သက်မွေးပညာသင်တန်း ကျောင်း၏ သင်တန်းသား သင်တန်းသူများအနေဖြင့် လည်း ပိုမိုပြည့်စုံသော ဝန်ဆောင်မှုများပေးနိုင်ပြီး မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများကို ပံ့ပိုးကူညီရင်း အောင်မြင်သော အနာဂတ်များ ရရှိနိုင်ကြပါစေကြောင်း အမှာစကားပြောကြား သည်။
ဆက်လက်၍ မန္တလေးဟိုတယ်နှင့်သက်မွေး ပညာသင်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
အဆိုပါ လေ့လာရေးအဖွဲ့သည် နေပြည်တော် ရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့်Hilton Hotel School များသို့ သွားရောက် လေ့လာခဲ့ကြပြီး ညနေပိုင်းတွင် မန္တလေးမြို့သို့ ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိ သည်။
သတင်းစဉ်

No comments:

Post a Comment