Tuesday, July 3, 2018

ကုလ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုလုပ်ငန်းအတွက် ဘတ်ဂျက်သစ် အဖွဲ့ဝင်နိုင်ငံများ သဘောတူညီ

Image may contain: 1 person, outdoor
ကုလသမဂ္ဂ ဇူလိုင် ၂
ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်း ဘတ်ဂျက်အဖြစ် အမေရိကန်ဒေါ်လာ ၆ ဒသမ ၇ ဘီလီယံကိုသာ သတ်မှတ်ရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက သဘောတူညီ လိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာန များက ဇူလိုင် ၂ ရက်တွင် သတင်းထုတ်ပြန် သည်။
ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်း ဘတ်ဂျက်အဖြစ် အမေရိကန်ဒေါ်လာ ၆ ဒသမ ၆၈၉ ဘီလီယံသတ်မှတ်ရန် အဖွဲ့ ဝင်နိုင်ငံများက ဇူလိုင် ၁ ရက်တွင် သဘော တူညီလိုက်ကြကြောင်း သံတမန်များက ပြောကြားကြသည်။ ယင်းငွေကြေးပမာဏမှာ ကျွမ်းကျင်သူ ပညာရှင်များပါဝင်သော အဖွဲ့ တစ်ဖွဲ့က အကြံပြုခဲ့သော ငွေကြေးပမာဏ အောက် အမေရိကန်ဒေါ်လာ ၁၂၂ သန်း ပိုမိုလျော့နည်းသည်ဆို၏။
ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်း ဘတ်ဂျက်အတွက် လွန်ခဲ့သည့်နှစ်က အမေ ရိကန်ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံ ခွင့်ပြု ပေးခဲ့ရာ ဘတ်ဂျက်အသစ်တွင် အမေရိကန် ဒေါ်လာ သန်း ၆ဝဝ ပိုမိုလျော့နည်းလျက်ရှိ သည်။
လွန်ခဲ့သည့်နှစ်အတွက် ကနဦးခွင့်ပြုပေး ခဲ့သော ဘတ်ဂျက်မှာ အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံရှိခဲ့ကြောင်း၊ သို့ရာတွင် ဟေတီနှင့်ဆူဒန်နိုင်ငံ ဒါဖာဒေသတို့တွင်
ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်း ဆောင်ရွက် နိုင်ရန် အမေရိကန်ဒေါ်လာ သန်း ၅ဝဝ ထပ် ဆောင်းခွင့်ပြုပေးရေး ဒီဇင်ဘာလအတွင်း သဘောတူညီခဲ့ကြောင်း သံတမန်များက ပြော ကြားကြသည်။
ကမ္ဘာတစ်ဝန်း၌ လုပ်ငန်းဆောင်ရွက် နေသော ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်ဦးရေမှာ လတ်တလောတွင် တစ်သိန်း ခန့်ရှိနေပြီး ငြိမ်းချမ်းရေးထိန်းသိမ်းမှုမစ်ရှင် လုပ်ငန်းပေါင်း ၁၄ ခု ရှိသည်။ ဘတ်ဂျက် သစ်ကို ကုလသမဂ္ဂ အထွေထွေညီလာခံက တရားဝင် အတည်ပြုပေးရမည်ဖြစ်သည်။
တောင်ဆူဒန်၊ကွန်ဂို ဒီမိုကရက်တစ်သမ္မတ နိုင်ငံနှင့် မာလီနိုင်ငံတို့၌ ဆောင်ရွက်နေဆဲ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးလုပ်ငန်းများမှာ အရေးအကြီးဆုံး မစ်ရှင် လုပ်ငန်းများဖြစ်ကြပြီး မစ်ရှင်လုပ်ငန်းတစ်ခုစီအတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ တစ် ဘီလီယံထက်မနည်း ကျခံသုံးစွဲရမည်ဖြစ်သည်။
ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းဘတ်ဂျက်မှာ ကုလသမဂ္ဂ လုပ်ငန်း လည်ပတ်စရိတ်ဘတ်ဂျက်မှ သီးခြားဖြစ်ပြီး ကုလသမဂ္ဂ လုပ်ငန်းဆိုင်ရာ ဘတ်ဂျက်ကို ဒီဇင်ဘာလတွင် ထုတ်ပြန် ကြေညာပေးခဲ့ သည်။
အေအက်ဖ်ပီ

No comments:

Post a Comment