Tuesday, July 3, 2018

အမေရိကန်က မော်တော်ယာဉ်သွင်းကုန်ခွန် တိုးမြှင့်ပါက ဆလိုဗက်ကီးယားနိုင်ငံ အထိအနာဆုံး ဖြစ်လာဖွယ်ရှိ

 
Image may contain: one or more people, people standing and outdoor
ဘရာတစ်လာဗာ ဇူလိုင် ၂
ဥရောပသမဂ္ဂ (အီးယူ)မှ တင်သွင်းသော မော်တော်ယာဉ်များအပေါ် ၂ဝ ရာခိုင်နှုန်း သွင်းကုန်ခွန်ကောက်ယူရန် သမ္မတဒေါ်နယ် ထရန့်က ခြိမ်းခြောက်ထားပြီး ယင်းသို့ ခြိမ်းခြောက်ထားသည့်အတိုင်း အကောက်ခွန် စည်းကြပ်ပါက ကမ္ဘာ့မော်တော်ယာဉ် ထုတ် လုပ်သော ထိပ်တန်းနိုင်ငံဖြစ်သည့် ဆလို ဗက်ကီးယားနိုင်ငံသည် မော်တော်ယာဉ် ထုတ်လုပ်သောနိုင်ငံများအနက် အထိအနာ ဆုံး နိုင်ငံဖြစ်လာမည်ဖြစ်ကြောင်း စီးပွားရေး ပညာရှင်များ၏ ပြောကြားချက်ကို ကိုးကား ၍ အေအက်ဖ်ပီ သတင်းဌာနက ဇူလိုင် ၂ ရက်တွင် သတင်းထုတ်ပြန်သည်။
သမ္မတထရန့်၏ ခြိမ်းခြောက်မှုနှင့်အတူ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့ ကုန်သွယ်ရေးစစ်ပွဲ စတင်လျက်ရှိသည်။ ဥရောပ၏သံမဏိနှင့် အလူမီနီယမ် ပို့ကုန် များအပေါ် အမေရိကန်က သွင်းကုန်ခွန် ကြီးလေးစွာ ကောက်ယူလာမှုကို လက်တုံ့ပြန် သည့်အနေဖြင့် အမေရိကန်လုပ် ဂျင်းဘောင်း ဘီများနှင့် မော်တော်ဆိုင်ကယ်များအပေါ် သွင်းကုန်ခွန်များ တိုးမြှင့်ကောက်ယူမည်ဖြစ် ကြောင်း အီးယူက ထုတ်ပြန်ကြေညာခဲ့သည်။
ဥရောပမှ တင်ပို့သော ကုန်ပစ္စည်းများ အပေါ် အမေရိကန်က ကြီးလေးစွာ အခွန် ကောက်ယူရန် စီစဉ်ခြင်းကြောင့် ဥရောပ စတော့ရှယ်ယာ ရောင်းဝယ်ရေးဈေးကွက်တွင် ဖီးယက်၊ ခရိုက်စလာ၊ ဒိုင်မလာနှင့် ဘီအမ်ဒဗ လျူမော်တော်ယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီကြီး များ၏အစုရှယ်ယာများ ကျဆင်းခဲ့ရပြီး ဆလို ဗက်ကီးယားနိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ် ရေးကဏ္ဍအပေါ် ထိခိုက်လာဖွယ်ရှိနေသည်။
ဆလိုဗက်ကီးယားနိုင်ငံ၌ ဂျာမနီမှ ဗော် စဝေဂွန်၊ ပြင်သစ်မှ ပီအက်စ်အေနှင့် တောင် ကိုရီးယားမှ ကီယာမော်တော်ယာဉ် ထုတ် လုပ်ရေး ကုမ္ပဏီများအပါအဝင် မော်တော် ယာဉ်နှင့် မော်တော်ယာဉ်အပိုပစ္စည်း ထောက်ပံ့ရေးကုမ္ပဏီ ၃ဝဝ ကျော်တို့က စက်ရုံ ခွဲများ ဖွင့်လှစ်၍ အခြေစိုက် လုပ်ကိုင်လျက် ရှိကြသည်။
စီစဉ်ထား
ယူရိုဇုန်တွင် ပါဝင်သော ဆလိုဗက်ကီး ယားနိုင်ငံ၌ လူဦးရေ ၅ ဒသမ ၄ သန်းရှိပြီး နိုင်ငံတကာ မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံခြင်းဖြင့် အလုပ် အကိုင်နေရာ ၃ဝဝ ဝဝဝ ကျော် ဖန်တီးပေးနိုင် သည်။ ဂျက်ဂွာလန်းရိုဗာ မော်တော်ယာဉ် ထုတ်လုပ်ရေးစက်ရုံကို စက်တင်ဘာလတွင် ဆလိုဗက်ကီးယားနိုင်ငံ၌ ဖွင့်လှစ်ရန်လည်း စီစဉ်ထားသည်။
အေအက်ဖ်ပီ

No comments:

Post a Comment