Wednesday, July 4, 2018

ကနေဒါနိုင်ငံ အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲကျင်းပ

Image may contain: 3 people, people smiling, people standing and indoor
ရန်ကုန် ဇူလိုင် ၃
ကနေဒါနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ဧည့်ခံပွဲ အခမ်းအနားကို ယနေ့ ည ၇ နာရီတွင် ရန်ကုန်မြို့ Chatrium Hotel ၌ကျင်းပရာ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် ဇနီး ဒေါ်သင်းသင်းနုတို့ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သီချင်းနှင့် ကနေဒါနိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနား ကို စတင်ဖွင့်လှစ်သည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံ သံအမတ်ကြီး H.E. Ms. Karen MACARTHURနှင့် ဒုတိယဝန်ကြီး ဦးအောင်ထူးတို့က နှုတ်ခွန်းဆက်စကား ပြောကြားပြီး ကနေဒါနိုင်ငံ အမျိုးသားနေ့အထိမ်းအမှတ် ကိတ်ကို လှီးဖြတ်ပေးကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် ဇနီး၊ သံအမတ်ကြီး တို့က ဧည့်ခံပွဲသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် ဧည့်ခံပွဲသို့ တက်ရောက်လာကြသူများအား သံအမတ်ကြီးက ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်မြို့ နိုင်ငံခြားသံရုံး များမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment