Wednesday, July 4, 2018

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံဗြိတိန်နှင့် သြစတြီးယားနိုင်ငံသံအမတ်ကြီးတို့သံအမတ်ခန့်အပ်လွှာများ ပေးအပ်

Image may contain: 2 people, people smiling, people standing
နေပြည်တော် ဇူလိုင် ၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ ဒယ်နီရယ် ပတရစ် ဘရန်ဒန် ချဂ် သည် ယနေ့ နံနက် ၁ဝ နာရီတွင်လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ သြစတြီးယားနိုင်ငံ သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူညီပြီး ဖြစ်သော သံအမတ်ကြီး မစ္စစ် အီဗာ ဟာဂါ သည် နံနက် ၁၁ နာရီတွင်လည်းကောင်း နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်းတို့၏ သံအမတ်ခန့်အပ်လွှာများကို ပေးအပ်ကြသည်။
အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားများသို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူနှင့် သံတမန်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်တို့ တက်ရောက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment