Tuesday, July 31, 2018

ဖမ်းဆီးခံ ရိုက်တာသတင်းထောက်နှစ်ဦးအား ရုံးထုတ်စစ်ဆေး

Image may contain: 5 people, people standing, child, shoes and outdoor
ရန်ကုန် ဇူလိုင် ၃ဝ
မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေဖြင့် ဖမ်းဆီးခြင်းခံထားရ သော ရန်ကုန်အခြေစိုက် ရိုက်တာသတင်းထောက် ကိုသက်ဦးမောင်(ခ)ဝလုံးနှင့် ကိုကျော်စိုးဦး(ခ)မိုးအောင်တို့ကို ယနေ့နံနက် ၁ဝ နာရီက မြောက်ပိုင်းခရိုင် တရားရုံးတွင် ခရိုင်တရားသူကြီး ဦးရဲလွင်က စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သိရ သည်။
ရန်ကုန်မြောက်ပိုင်းခရိုင် သတင်းနှင့်ပြန်ကြားရေးအရာရှိ ဒုတိယခရိုင် တရားသူကြီး ဒေါ်စုစန္ဒာဝင်းက ''ကျွန်မတို့ မြောက်ပိုင်းခရိုင်တရားရုံး ၂ဝ၁၈ ခုနှစ် ရာဇဝတ်ကြီးအမှုအမှတ် ၄ တရားလို ဒုတိယရဲမှူးကြီးယုနိုင်၊ ပြစ်မှု ကျူးလွန်သူ သက်ဦးမောင်(ခ)ဝလုံး ပါ-၂ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃(၁)(ဂ)အရစွဲဆိုမှုကနေ ဒီကနေ့ နှစ်တရားခံဖြစ်တဲ့ ကျော်စိုးဦး (ခ)မိုးအောင်ကို နှစ်ဖက်ရှေ့နေများက အပြန်အလှန်စစ်မေးခဲ့ပါတယ်။ အမှုမှ တင်ပြထားတဲ့ တရားခံပြသက်သေ လေးဦးထဲက ရန်ကုန်အခြေစိုက်ရိုက်တာ သတင်းဌာနက တရားခံပြသက်သေတစ်ဦးဖြစ်တဲ့ ယာဉ်မောင်း ကိုမျိုးသန့်ထွန်း ကို စစ်ဆေးခဲ့ပါတယ်။ ဒီနေ့စစ်ဆေးရာမှာ ရုံးချိန်ကုန်ဆုံးတဲ့အထိ စစ်ဆေးမှု တွေ ပြုလုပ်ခဲ့ပြီး ထပ်မံစစ်ဆေးမှုပြုလုပ်ရန် သြဂုတ် ၆ ရက် တနင်္လာနေ့ကို ချိန်းဆိုထားပါတယ်။ အဲဒီရုံးချိန်းမှာ ကျန်ရှိနေသေးတဲ့ တရားခံပြသက်သေ သုံးဦးထဲက နှစ်ဦးကို ရုံးရှေ့တင်ပို့ပေးနိုင်ဖို့ အမှုလိုက်ဥပဒေအရာရှိကို လမ်းညွှန်မှာကြားခဲ့တာရှိပါတယ်'' ဟု ပြောသည်။
မျိုးမင်းသိန်း(မရမ်းကုန်း)

No comments:

Post a Comment