Tuesday, July 31, 2018

ရေကြီးနစ်မြုပ်သည့် ဒေါ်လန်းကျေးရွာရှိ ပြည်သူများအား သွားရောက်ထောက်ပံ့

Image may contain: 1 person, sitting, outdoor and water
ဘားအံ ဇူလိုင် ၃ဝ
ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်ကျုံမြို့ ဒေါ်လန်း
ကျေးရွာ၌ မိုးရွာသွန်းမှုများပြားပြီး ချောင်းရေ
မြင့်တက်လာကာ လွန်ခဲ့သည့်တစ်ပတ်ခန့်က
ရေကြီးနစ်မြုပ်ခဲ့ရာ ရေဘေးစခန်းများရှိ ရေဘေး
ကျရောက်နေသည့် ပြည်သူများအား ဇူလိုင် ၂၉
ရက် နံနက် ၁၁ နာရီက ကရင်ပြည်နယ်အစိုးရ
အဖွဲ့နှင့် စေတနာရှင်များက ထောက်ပံ့ လှူဒါန်း
သည့် ပစ္စည်းများ သွားရောက်ပေးအပ်ခဲ့ကြ သည်။
ဒေါ်လန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ အထက ကျောင်းနှင့် ကွမ်ဖော်ဘုန်းတော်ကြီး
ကျောင်းတို့တွင် ယာယီရေဘေးစခန်း သုံးခု
ဖွင့်လှစ်ထားခဲ့ရာ ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ကရင်ပြည်နယ် မွန်
တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမင်းတင်
ဝင်း၊ ပအိုဝ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး
ဦးခွန်မျိုးတင့်၊ ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ပြည်နယ်
ကျန်းမာရေးဦးစီးဌာန ဆရာဝန်၊ ဘားအံခရိုင်
အုပ်ချုပ်ရေးမှူးနှင့် အလှူရှင်များသည် ကရင်
ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ကျန်းမာရေး
ဦးစီးဌာန၊ ဘားအံမြို့ တော်ဝင်သုခအထူးကု
ဆေးရုံနှင့်အလှူရှင်များက ထောက်ပံ့လှူဒါန်း
သော ဆန် ၂၅ အိတ်၊ ကြက်ဥအလုံး ၅ဝဝ၊ ဆီပိဿာချိန် ၈ဝ ၊ အသင့်စား ခေါက်ဆွဲထုပ် ဖာ ၃ဝ၊ အဝတ်အထည်စုံပါဝင်သည့် အထည်
ထုပ် ၁၅ဝ နှင့် ရေသန့်ဆေးနှင့် အရေးပေါ်
အသုံးပြုနိုင်သည့် ဆေးဝါးများကို ထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)

No comments:

Post a Comment