Tuesday, July 31, 2018

ကော့သောင်းမြို့နယ် ပုလုံးတုံတုံးကျေးရွာ၌မြေပြိုမှုကြောင့် ခြောက်ဦးသေဆုံး

Image may contain: one or more people and outdoor
ကော့သောင်း ဇူလိုင် ၃ဝ
ကော့သောင်းမြို့၌ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်း၍ ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က မြေပြိုကျသဖြင့် တောင်ခြေရှိ နေအိမ်များပေါ် ပိမိပြီး လူခြောက်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ကော့သောင်းမြို့ ပုလုံးတုံတုံးကျေးရွာ စွယ်တော်လမ်းဘေး ရှင်ကြီးမော်ပိုင်း တောင်စောင်းများပေါ်မှ မြေသားများ ပြိုကျမှုဖြစ်ပွားခဲ့သည်။ တောင်ခြေရှိ အိမ်ငါးလုံးပိမိကာ ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့ပြီး ယင်းနေအိမ်များမှ အမျိုးသား ငါးဦး၊ အမျိုးသမီးတစ်ဦးသေဆုံးကြောင်း သိရသည်။
အဆိုပါနေရာသို့ ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဦးနှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ကော့သောင်းတပ်နယ်မှ ဗိုလ်မှူးကြီးဇော်မင်းထွန်းနှင့် တပ်မတော်သားများ၊ တပ်မတော်ဆေးတပ်ရင်းမှ တပ်ဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ သဘာဝဘေးစီမံခန့်ခွဲ့မှုအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ အပါအဝင် စက်ယန္တရားများ အသုံးပြု၍ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)

No comments:

Post a Comment