Tuesday, July 3, 2018

မက္ကဆီကိုအသင်းကို နှစ်ဂိုးပြတ်အနိုင်ရရှိခဲ့ပြီးဘရာဇီးအသင်း ကွာတားဖိုင်နယ်အဆင့် တက်လှမ်း

Image may contain: 2 people, people smiling, people playing sports, stadium and outdoor
ဘရာဇီးအသင်းသည် ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်တွင် မက္ကဆီကိုအသင်းကို နှစ်ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်းကြောင့် ကွာတား ဖိုင်နယ်အဆင့်သို့ တက်လှမ်းသွားခဲ့ပြီဖြစ် သည်။
ဘရာဇီးအသင်းနှင့် မက္ကဆီကိုအသင်း တို့၏ ပွဲစဉ်တွင် အပြန်အလှန် တိုက်စစ်ဆင်မှု များရှိခဲ့သော်လည်း ပထမပိုင်းတွင် ဂိုးမရှိ သရေရလဒ်သာထွက်ပေါ်ခဲ့သည်။
သို့ရာတွင် ကစားသမားစုဖွဲ့မှုနှင့် တစ်ဦး ချင်းခြေစွမ်းပိုင်းကွာဟမှုကြောင့် ဘရာဇီး အသင်းက ပွဲကစားချိန် ၅၁ မိနစ်တွင် တိုက် စစ်မှူး နေမာ၏ သွင်းဂိုးဖြင့် ဦးဆောင်ဂိုး စတင်ရရှိခဲ့သည်။ ဘရာဇီးအသင်းသည် ဦးဆောင်ဂိုးရရှိခဲ့ပြီးနောက် ပေါ်လင်ဟိုနေရာ တွင် ဖာနန်ဒင်ဟို၊ ကော်တင်ဟိုနေရာတွင် ဖာမီနိုနှင့် ဝီလီယံနေရာတွင် မာကွင်ဟိုတို့ကို လူစားလဲခဲ့သည်။
ထို့နောက် ပွဲကစားချိန် ၈၈ မိနစ်တွင် လူစားဝင်ကစားသမား ဖာမီနိုက ဘရာဇီး အသင်းအတွက် တစ်ဂိုးသွင်းယူပေးခဲ့ခြင်း ကြောင့် ဘရာဇီးအသင်းက မက္ကဆီကိုအသင်း ကို နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
တိုက်စစ်မှူး ဖာမီနိုသည် ယခုပွဲစဉ်တွင် တစ်ဂိုးသွင်းယူနိုင်ခဲ့ခြင်းကြောင့် ၂ဝ၁၆ ခုနှစ် အောက်တိုဘာလနောက်ပိုင်း ဘရာဇီးအသင်း အတွက် ပထမဆုံးသွင်းဂိုးသွင်းယူပေးနိုင်ခဲ့ ခြင်းဖြစ်သည်။
ဘရာဇီးအသင်းသည် ယခုမက္ကဆီကို အသင်းကို အနိုင်ရရှိခဲ့ခြင်းကြောင့် ကမ္ဘာ့ ဖလားပြိုင်ပွဲတွင် ဗဟိုအမေရိကန် သို့မဟုတ် မြောက်အမေရိကမှ အသင်းများနှင့် ယှဉ်ပြိုင် ကစားတိုင်း ကမ္ဘာ့ဖလားတွင် တစ်ကြိမ်မှ ရှုံးနိမ့်ခဲ့ခြင်းမရှိသည့် စံချိန်ကို ဆက်ထိန်း ထားနိုင်ခဲ့ပြီဖြစ်သည်။ ဘရာဇီးအသင်းမှာ ကွာတားဖိုင်နယ်သို့ တက်ရောက်သွားခဲ့ပြီ ဖြစ်သောကြောင့် ဘယ်လ်ဂျီယံအသင်း သို့ မဟုတ် ဂျပန်အသင်းနှင့် ယှဉ်ပြိုင်ကစားရ မည်ဖြစ်သည်။
ငွေကြယ်

No comments:

Post a Comment