Tuesday, July 3, 2018

စပိန်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထွက်ခဲ့ရပြီးနောက်နိုင်ငံလက်ရွေးစင်အဖြစ်မှ အင်နီယေစတာ အနားယူ

Image may contain: 1 person, playing a sport and outdoor
စပိန်အသင်းက ရုရှားအသင်းကို ရှုံးနိမ့်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ကနေ ထွက်ခဲ့ရပြီးတဲ့အချိန်မှာတော့ စပိန်ကွင်းလယ်ကစားသမား အင်နီယေစတာဟာ နိုင်ငံလက်ရွေးစင်ကစားသမားအဖြစ်ကနေ အနား ယူလိုက်ပြီဖြစ်တယ်လို့ တရားဝင်ကြေညာခဲ့ပါပြီ။
အင်နီယေစတာဟာ လက်ရှိမှာ အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ် တာကြောင့် အနားယူခဲ့တာဖြစ်ပြီး စပိန်အသင်းက လေးဂိုး-သုံးဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ရုရှားအသင်းနဲ့ ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ်နဲ့ ပါဝင်ကစားခဲ့ကာ ပင်နယ်တီသွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
အင်နီယေစတာရဲ့ စပိန်အသင်းနဲ့ ကစားသမားဘဝဟာ ၂ဝဝ၆ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး ယူရို ၂ဝဝ၈ ပြိုင်ပွဲနဲ့ ယူရို ၂ဝ၁၂ ပြိုင်ပွဲ တွေမှာ စပိန်အသင်းကို ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့တဲ့ ကစားသမားတွေထဲက တစ်ဦးအပါအဝင်လည်းဖြစ်ပါတယ်။
၂ဝ၁ဝ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက စပိန်အသင်းက နယ်သာလန် အသင်းကို အနိုင်ရရှိပြီး ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့စဉ်ကလည်း ကွင်း လယ်ကစားသမား အင်နီယေစတာဟာ စပိန်အသင်းအတွက် တစ်ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။
ကွင်းလယ်ကစားသမား အင်နီယေစတာအနေနဲ့ စပိန်နိုင်ငံ လက်ရွေးစင်ကစားသမားဘဝနဲ့ ၁၂ နှစ်ကြာဖြတ်သန်းခဲ့တာဖြစ်ပြီး ကလပ်အသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းမှာတော့ ၂၂ နှစ်ကြာဖြတ် သန်းခဲ့တာပါ။ လက်ရှိမှာ ဘာစီလိုနာအသင်းကစားသမားဘဝကို အဆုံးသတ်လိုက်ပြီဖြစ်တယ်လို့ မေလအတွင်းက ကြေညာခဲ့သလို နိုင်ငံလက်ရွေးစင်ကစားသမားဘဝကလည်း အနားယူလိုက်ပြီဖြစ်တယ် လို့ အတိအလင်းကြေညာလိုက်ပြီလည်းဖြစ်ပါတယ်။ အင်နီယေစတာ ဟာ ဘာစီလိုနာအသင်းနဲ့အတူ ပွဲပေါင်း ၆၇၄ ပွဲပါဝင်ကစားပေးခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ဘာစီလိုနာအသင်းအတွက် ဆုဖလား ၃၂ လုံးအထိရရှိအောင်စွမ်းဆောင်ပေးခဲ့တာပါ။ ဒါပေမယ့် ဘာစီလိုနာ အသင်းနဲ့ လမ်းခွဲခဲ့ပြီး အသက် ၁၂ နှစ်အရွယ်က ကစားခဲ့တဲ့ ဂျပန် ကလပ် ဗစ်ဆယ်ကိုဘီအသင်းကို ပြောင်းရွှေ့ခဲ့တာလည်းဖြစ်ပါတယ်။
အင်နီယေစတာအနားယူလိုက်ပြီလို့ ကြေညာခဲ့တဲ့အချိန်မှာ စပိန်အသင်းနည်းပြ ဖာနန်ဒိုဟီယာရိုက အင်နီယေစတာဟာ စပိန် အသင်းရဲ့သမိုင်းမှာ အဓိကအားထားရတဲ့ကစားသမားတွေထဲက တစ်ဦးဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
ငွေကြယ်

No comments:

Post a Comment