Tuesday, July 3, 2018

မြိုင်ကြီးငူအထူးဒေသတွင် ၂၄ နာရီ လျှပ်မီးရရှိသောကြောင့် အသေးစားစက်မှုလုပ်ငန်းများအဆင်ပြေ

Image may contain: sky, cloud and outdoor
ဘားအံ ဇူလိုင် ၂
ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ မြိုင်ကြီးငူအထူးဒေသသည် ယခင်က လျှပ်စစ်မီးကို အချိန် ပိုင်းသာရရှိပြီး ယခုအခါ ၂၄ နာရီလျှပ်စစ်မီးရရှိနေပြီ ဖြစ်သောကြောင့် မြိုင်ကြီးငူဒေသအတွင်း အသေးစား စက်မှုလုပ်ငန်းများ အဆင်ပြေလာလျက်ရှိကြောင်း သိရ သည်။
မြိုင်ကြီးငူအထူးဒေသသည် ဘားအံမြို့နှင့် ၄၆ မိုင်ဝေး ကွာပြီး ယခင်က ၂ဝဝ ကေဗွီဒီဇယ်အင်ဂျင်မီးစက်ဖြင့် မြို့ပေါ်ရပ်ကွက်များတွင်သာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ရေး လုပ်ငန်းမှ တစ်ညလျှင်လျှပ်စစ်မီး ၂ နာရီကျော်သာ ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ဒေသဖွံ့ဖြိုးရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ကရင်ပြည်နယ်အစိုးရJICAတို့ ပူးပေါင်းဆောင်ရွက်ထားသည့်လျှပ်စစ်မီး ၂၄ နာရီ ရရှိ ရေး အစီအစဉ်တွင် လှိုင်းဘွဲ့မြို့နယ် ၂ဝ အမ်ဗွီအေ ဒိုင်း ပြဓာတ်အားခွဲရုံမှတစ်ဆင့် ၃၃ ကေဗွီ ဓာတ်အားလိုင်းကြိုး ၂၅ မိုင်သွယ်တန်းကာ မြိုင်ကြီးငူအထူးဒေသတွင် (၃၃/၁၁)ကေဗွီအေ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံမှ ၁၁ ကေဗွီ ဓာတ်အားလိုင်း နှစ်လိုင်းခွဲထွက် မီးပေးထားခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ ၁၁ ကေဗွီ ခွဲထွက်လိုင်း နှစ်လိုင်းမှ ၁၁/ သုည ဒသမ ၄ ကေဗွီ ၂ဝဝ)ကေဗွီအေထရန်စဖော်မာ လေးလုံးဖြင့် မြို့ပေါ်ရပ်ကွက် ၁၂ ရပ်ကွက်အတွက် ဓာတ် အား ပို့လွှတ်ကာ အိမ်သုံးမီတာ ၁၇၂ လုံးကို လည်းကောင်း၊ အလင်းရောင်စီမံချက် One Stop Serviceစနစ်ဖြင့် အနီး ဝန်းကျင်ကျေးရွာများဖြစ်သည့် ပန်းကုန်းကျေးရွာတွင် အိမ်သုံးမီတာ ၃၉ လုံး၊ မအဲကျေးရွာတွင် အိမ်သုံးမီတာ ၅၉ လုံး၊ ကမော့လဲကျေးရွာတွင် အိမ်သုံးမီတာ ၂ဝဝ၊ တောင်စွန်းကျေးရွာတွင် အိမ်သုံးမီတာ ၈၂ လုံး၊
တစ်ခွက်ဖိုးကျေးရွာတွင် အိမ်သုံးမီတာ အလုံး ၂၂ဝ စုစုပေါင်းကျေးရွာငါးရွာတွင် အိမ်သုံးမီတာ ၆ဝဝ ဖြင့် ၂၄ နာရီဓာတ်အား ကို ဇွန် ၁ ရက်မှ စတင်ကာ ဖြန့်ဖြူး
ပေးနိုင်ခဲ့ကြောင်း မြိုင်ကြီးငူ အထူးဒေသ မြို့နယ်လျှပ်စစ်မှူး ဦးနေမျိုးဇော်ထံမှ သိရသည်။
အလားတူ မီးမရရှိသေးသောဒေသများ ၂၄ မီးရရှိရေး ဆောင်ရွက်ရာတွင် လှိုင်းဘွဲ့ ၂ဝ အမ်ဗွီအေ ဒိုင်းပြ ဓာတ်အားခွဲရုံမှ မြိုင်ကြီးငူ အထူးဒေသဓာတ်အားလိုင်း ဖြင့်ပင် မြိုင်ကြီးငူ၊ ကမ်းနီကျေးရွာမှတစ်ဆင့် ကမမောင်းမြို့ နှင့် အနီးရှိကျေးရွာ ၁၁ ရွာ မီးရရှိရေးဆောင်ရွက်နေရာ ၈ဝ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်းနှင့် မြိုင်ကြီးငူ ဒေသနှင့် မီးရရှိသော ကျေးရွာ ငါးရွာအနေဖြင့် ၂၄ နာရီ လျှပ်စစ်မီးရရှိနေပြီဖြစ်သောကြောင့် အသေးစားစက်မှု လုပ်ငန်းများဖြစ်သည့် အသားတုလုပ်ငန်း၊ အိမ်သုံး ပရိဘောဂ လုပ်ငန်းနှင့် အခြားအသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပိုမိုအဆင်ပြေလာပြီး ထင်း၊ မီးသွေးသုံးစွဲရမှု မရှိတော့ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျော့နည်းသွားကြောင်း ဒေသခံများထံမှ သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)

No comments:

Post a Comment