Tuesday, July 3, 2018

ဖားကန့်မြို့နယ်အတွင်း ဥရုချောင်းရေမြင့်တက်မှုကြောင့် အနိမ့်ပိုင်းရပ်ကွက်များသို့ ရေဝင်ရောက်

Image may contain: sky, basketball court, outdoor, water and nature
=================
ဖားကန့် ဇူလိုင် ၂
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့် မြို့နယ် ဥရုချောင်းအထက်ပိုင်း ကန်စီးဒေသ၌ မိုးဆက်တိုက်ရွာသွန်းမှု ကြောင့် ဇူလှိုင် ၁ ရက်က မြို့နယ်
အတွင်း ပုံမှန်ဝင်ရောက်နေကျနေရာ
များသာ ဥရုချောင်းရေများ ဝင်ရောက်
ခဲ့သော်လည်း ဇူလိုင် ၂ ရက် နံနက်
ပိုင်းမှ စတင်၍ တရိပ်ရိပ်မြင့်တက်
လာပြီး စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိလာမှုကြောင့် လူများ
ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြ ရသည်။
မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ငှက် ပျောတောရပ်ကွက် အနိမ့်ပိုင်းတွင် ၁၂ ပေခန့်နှင့် မြို့လမ်းမပေါ်တွင် ခုနစ်ပေခန့်၊ မော်ဝမ်းရပ်ကွက် ဝန်ထမ်းအိမ်ရာ ဘက်ခြမ်းတွင် လေး ပေခန့်၊ မရှီကထောင် ရပ်ကွက်တွင် ငါးပေခန့်၊ မြို့မကျောက်ဝိုင်းတွင် ၁ဝ ပေခန့်၊ လုံးခင်းကျေးရွာ ရပ်ကွက်(၁)(၂)(၃)(၄) နှင့် ရပ်ကွက်(၅)အနိမ့် ပိုင်းတွင်လည်းကောင်း၊ အောင်ရာရွာ၊ စွတ်အောင်ရွာတို့တွင်လည်းကောင်း ဥရုချောင်းရေများဝင်ရောက်လျက်ရှိပြီး လုံးခင်းကြိုးတံတားနှင့် ဖားကန့် ကြိုးတံတားတို့ပေါ်တွင် တစ်ပေခန့် ရေကျော်လျက်ရှိကြောင်း သိရသည်။
ဥရုချောင်းရေများ နေအိမ်များ အတွင်းဝင်ရောက်မှုကြောင့် မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းနှင့် လူမှုကူညီရေးအသင်း အဖွဲ့များက ပြည်သူများကို အန္တရာယ်ကင်းစွာ ပြောင်းရွှေ့နိုင်ရေး ကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး မြို့ပေါ် ရေဘေးသင့်ပြည်သူများအား မြို့မ မဏိဇေယျုံ ဘုန်းကြီးကျောင်း ဓမ္မာရုံတွင်လည်းကောင်း၊ လုံးခင်း ကျေးရွာ အုပ်စုမှ ရေဘေးသင့်ပြည်သူ များအား လုံးခင်းခရစ်ယာန်ဘုရား ကျောင်းများတွင် လည်းကောင်း နေရာချထားပေးထားကြောင်း သိရ သည်။
မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment