Tuesday, July 3, 2018

မျိုးသုဉ်းရှားပါးစာရင်းဝင် ရေနေသတ္တဝါများနှင့် ၎င်းတို့နေထိုင်ကျက်စားရာဒေသများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်

Image may contain: one or more people, ocean, outdoor and water
စစ်ကိုင်း ဇူလိုင် ၂
မျိုးသုဉ်းရှားပါးစာရင်းဝင် ရေနေ သတ္တဝါများနှင့် ၎င်းတို့နေထိုင်
ကျက်စားရာဒေသများကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေးနှင့် သုတေသနလုပ်ငန်းများကိုWCSနှင့် ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိ ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးမှူး ဦးထွန်းထွန်းဝင်း ထံမှ သိရသည်။
''အဓိကကတော့ ဧရာဝတီမြစ်ထဲ က လင်းပိုင်ထိန်းသိမ်းရေးလုပ်ငန်း တွေကိုWCSနဲ့အတူ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးက ငါးလုပ်ငန်း ဦးစီးဌာနတွေနဲ့အတူ ငါး လုပ်သားတွေနဲ့ ပူးပေါင်းလုပ်ဆောင်
နေပါတယ်၊ လာမယ့်နှစ်မှာ ကချင် ပြည်နယ် ရွှေကူမြို့အထိတက်ပြီး လင်းပိုင်ထိန်းသိမ်းရေး လုပ်ငန်းတွေ လုပ်ဖို့ရှိပါတယ်၊ ချင်းတွင်းမြစ်ဖျား မှာတော့ လိပ်ထိန်းသိမ်းရေးစခန်းက ရှားပါးလိပ်တွေ ထိန်းသိမ်းရေးနဲ့ တိုးပွားရေးတွေကို ဂရုစိုက်ဆောင်ရွက် နေပါတယ်''ဟု တိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းထွန်းဝင်းက ရှင်းပြသည်။
ငါးလုပ်ငန်းစီမံခန့်ခွဲမှုကို အထောက် အကူဖြစ်စေမယ့် သုတေသန လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်သလို ငါးလုပ်ငန်းဆိုင်ရာအသက် မွေးဝမ်းကျောင်း သင်တန်းအကြို လုပ်ငန်းခွင်သင်တန်းများကို လူ့စွမ်း အား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
''မျိုးသုဉ်းရှားပါးစာရင်းဝင်ရေနေသတ္တဝါတွေနဲ့ နေထိုင်ကျက်စားရာ ဒေသတွေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရာမှာ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေ၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ငါး လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ငါးလုပ်ငန်းဦးစီးဌာန မူဝါဒနဲ့ကိုက်ညီ တဲ့ စီမံကိန်းလုပ်ငန်းတွေ ရေးဆွဲ ဆောင်ရွက်ရမှာဖြစ်ပါတယ်''ဟု ငါး လုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။
ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာကို ဧရာဝတီမြစ် ဒုတိယ မြစ်ကျဉ်းနဲ့ တတိယမြစ်ကျဉ်းအကြား မလယ်ကနေ ရွှေကူအကြား ကီလို မီတာ ၂ဝဝ အထိတိုးချဲ့သွားမည်ဖြစ် ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS)စီမံကိန်းမန်နေဂျာ ဦးကျော် လှသိန်းထံမှသိရသည်။
''လက်ရှိမှာ တိုးချဲ့မယ့်နေရာတွေ ကို လေ့လာစမ်းစစ်မှုတွေ စတင်လုပ် ဆောင်နေပြီး မန္တလေးနဲ့ ဗန်းမော် ကြားဒေသကို နှစ်စဉ် စစ်တမ်း ကောက်ရင်း အခုလို တိုးချဲ့ဖို့ ပြင်ဆင် နေတာပါ၊ ငါးလုပ်ငန်းဦးစီးဌာနနဲ့ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS)တို့ပူးပေါင်းပြီး ဧရာဝတီလင်းပိုင် ကောင်ရေ စစ်တမ်းကောက်ယူမှုကို ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်
ကနေ ၁၆ ရက်ထိ မန္တလေးကနေ ဗန်းမော်အထိ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ပြုလုပ်ခဲ့ရာမှာ ၆၉ ကောင်ရှိတာကို မှတ်တမ်းတင် အတည်ပြုနိုင်ခဲ့တယ်၊ လင်းပိုင်ဟာ ငါးတစ်မျိုးတည်းကိုပဲ စားတဲ့အတွက် ငါးသယံဇာတပေါများမှ လင်းပိုင်တွေ ပေါများလာနိုင်မှာဖြစ်ပြီး ဧရာဝတီ မြစ်ထဲမှာ ရှော့တိုက်ငါးဖမ်းတာတွေ မလုပ်ဖို့ စစ်ကိုင်းတိုင်းဒေသကြီး၊
မန္တလေးတိုင်းဒေသကြီးနဲ့ ကချင် ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနတာဝန် ရှိသူတွေက တိုက်တွန်းထားပါတယ်'' ဟု ဦးကျော်လှသိန်းကပြောသည်။
သားငှက် ထိန်းသိမ်းရေးအဖွဲ့ (WCS)၏ ဗန်းမော်နှင့် မန္တလေး ကြား ဧရာဝတီလင်းပိုင် စစ်တမ်း ကောက်ယူမှုအရ ၂ဝ၁၄ ခုနှစ်တွင် ၆၃ကောင်၊ ၂ဝ၁၅ ခုနှစ်တွင် ၅၈ကောင် နှင့် ၂ဝ၁၆ ခုနှစ်တွင် ၆၅ ကောင်ရှိပြီး ၂ဝ၁၆ ခုနှစ်အတွင်း သေဆုံးသွား သည့် လင်းပိုင်ကောင်ရေ သုံးကောင် ရှိကာ လက်ရှိ ဧရာဝတီလင်းပိုင်ထိန်း သိမ်းမှုဧရိယာသည် ၇၄ ကီလိုမီတာ ရှိကြောင်းသိရသည်။
မျိုးဝင်းထွန်း(မုံရွာ)

No comments:

Post a Comment