Friday, July 27, 2018

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း အမှိုက်ခွဲခြားသန့်စင်စက် စမ်းသပ်လည်ပတ်နေမှုကို ကြည့်ရှု

Image may contain: 6 people, people standing, outdoor and food
ပဲခူး ဇူလိုင် ၂၆
ပဲခူးမြို့ နန်းတော်ရာရပ်ကွက်၊ ဟင်္သာကုန်း
ရပ်ကွက်နှင့် ကတွင်းခြံကျေးရွာအကြားရှိ ဖဲဖောင်
တော်ကွင်း သုသာန်ဟောင်းနေရာ၌ တည်
ဆောက်ခဲ့သော အမှိုက်ခွဲခြားသန့်စင်စက် စမ်း
သပ်လည်ပတ်နေမှုကို ဇူလိုင် ၂၅ ရက် မွန်းလွဲ
၂ နာရီက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ပဲခူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံအင်ဂျင်နီယာ ဦးဇော်နိုင်က ပဲခူးမြို့တွင်
အမှိုက်ခွဲခြားသန့်စင်စက်ရုံ တည်ဆောက်ရခြင်း
ရည်ရွယ်ချက်နှင့် စမ်းသပ်လည်ပတ်မှု လုပ်ငန်း
စဉ် အဆင့်ဆင့်ကို ရှင်းလင်းတင်ပြခဲ့ရာ တိုင်း
ဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက လုပ်ငန်းခွင်
အန္တရာယ်ကင်းရှင်းရေး၊ အလုပ်သမားများ၏
ကျန်းမာရေး၊ အနံ့ဆိုး၊ သဘာဝပတ်ဝန်းကျင်
ထိခိုက်မှုမရှိစေရေး၊ အမှိုက်များ ခွဲခြားသန့်စင်
မှုနှင့် ပတ်သက်၍ လျှပ်စစ်ဓာတ်အားခ၊ အလုပ်
သမားကုန်ကျစရိတ်နှင့် ပြန်လည်ထွက်ရှိလာ သော ရောင်းချနိုင်သည့် ကုန်ကြမ်းပစ္စည်းတန်ဖိုး
စသည်တို့ကို ပြန်လည်ချိန်ဆရန်နှင့် ပြည်သူ
များအား အမှိုက်အမျိုးအစား ခွဲခြားပစ်နိုင်ရန်
အတွက် အသိပညာပေး စည်းရုံးဆောင်ရွက်ရန်
မှာကြားခဲ့ပြီး စက်ရုံအတွင်း စက်စမ်းသပ်လည်
ပတ်နေမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ သည်။
ပဲခူးမြို့၏ အမှိုက်ထွက်ရှိနှုန်းမှာ တစ်ရက်
လျှင် အမှိုက်တန် ၆ဝ မှ ၈ဝ အထိထွက်ရှိနေ
ပြီး ယခုတည်ဆောက် လည်ပတ်မည့် အမှိုက်
ခွဲခြားသန့်စင်စက်သည် တစ်ရက်လျှင်တန် ၂ဝ လည်ပတ်နိုင်ကာ အမှိုက်များကို ခွဲခြားသန့်စင် ၍ ဈေးကွက်တွင် ပြန်လည်အသုံးပြုခြင်းဖြင့် အမှိုက်များစုပုံမှု လျော့နည်းသွားရန်၊ မြို့
သန့်ရှင်းသာယာလှပစေရန်၊ သဘာဝပတ်ဝန်း
ကျင်ကို ထိန်းသိမ်းရန်၊ အမှိုက်မှ သဘာဝဓာတ်
မြေသြဇာ၊ စက်မှုကုန်ကြမ်း ထုတ်လုပ်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ် တည်ဆောက်ခြင်းဖြစ်ပြီး လူ့စွမ်းအား
နှင့်အတူ အမှိုက်များကို ခွဲခြားစစ်ချပြီး မြေသြဇာ
ထုတ်လုပ်ရရှိနိုင်သော အမှိုက်များအား သဘာဝ
မြေသြဇာအဖြစ်ထုတ်လုပ်ကာ သံ၊ သတ္တု၊ ဖိုက်
ဘာ၊ ပုလင်း၊ ဘီယာဘူးခွံ စသည့် ပြန်လည်
အသုံးပြုနိုင်သည့် အမှိုက်များကို အလုပ်သမား
စရိတ်ရရှိစေရန် ဈေးကွက်သို့ပြန်လည် ရောင်းချ
သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အမှိုက်ခွဲခြားသန့်စင်စက် စမ်းသပ်
လည်ပတ်မှုကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၊
လွှတ်တော်ဥက္ကဋ္ဌ၊ တရားသူကြီးချုပ်၊ စာရင်းစစ်
ချုပ်၊ ဥပဒေချုပ်၊ ဝန်ကြီးများ၊ အစိုးရအဖွဲ့
အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ စည်ပင်ကော်မတီဝင်များ
တက်ရောက်ခဲ့ကြောင်း သိရသည်။
တင်စိုး(ပဲခူး)

No comments:

Post a Comment