Friday, July 27, 2018

မိုးရေတိုက်စားပြီးပြိုကျသည့် လမ်းအပိုင်းနှင့် လမ်းပခုံးမြေသားများအား ယာယီသွားလာနိုင်ရန် အချိန်တိုအတွင်း ပြင်ဆင်

Image may contain: one or more people, outdoor and food
မြစ်ကြီးနား ဇူလိုင် ၂၆
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်အတွင်း ရွှေဘို-မြစ်ကြီးနားလမ်းအပိုင်းရှိ လွယ်
ခေါကျေးရွာအနီး လမ်းအပိုင်းတွင် မိုးရေ
တိုက်စားကာ လမ်းပခုံးမြေသားပြိုကျပြီး အကျယ် ၁၈ ပေရှိ ကတ္တရာလမ်းအပိုင်းမှ အကျယ်ခြောက်ပေခန့်၊ အရှည် ၂၅ ပေ ခန့်
ရှိ ကတ္တရာလမ်းအပိုင်း ပြိုကျပျက်စီးမှု ကို ယာယီသွားလာနိုင်ရန် အချိန်တို
အတွင်း ပြုပြင်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် ပြည်သူ့
ဆောက်လုပ်ရေးလုပ်ငန်း လမ်းဦးစီးဌာနမှ
ဦးစီးအရာရှိ (မြို့ပြ) ဦးအောင်ဆန်းဦးက မီဒီယာများသို့ ပြောကြားသည်။
အဆိုပါ မိုးရေတိုက်စားကာ လမ်းသား
ပြိုကျမှုဖြစ်စဉ်နှင့် ပတ်သက်၍ ဦးစီးအရာရှိ (မြို့ပြ) ဦးအောင်ဆန်းဦးက ''ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီး မြစ်ကြီးနားမြို့နယ်အပိုင်း ၄၅၁ ဒသမ ၅
ကီလိုမီတာနဲ့ ၄၅၂ ကီလိုမီတာ အကြား
၁ဝ ပေအရှည်၊ ပေ ၄ဝ အကျယ် ကွန်ကရစ်
တံတားဟောင်းဖြစ်ပါတယ်၊ ဖြစ်ပွားချိန်
ကတော့ ဇူလိုင် ၂၄ ရက် နံနက် ၁၁ နာရီ
လောက်မှာ မိုးရွာသွန်းမှုများပြားပြီး ရေစီး
သန်၍ တံတားဟောင်းဖြစ်တာကြောင့် အောက်ခံအုတ်ခုံတွေ ရေစီးနဲ့မျောပါကာ လမ်းပခုံး မြေသားတွေကနေတစ်ဆင့် ကတ္တရာလမ်းသားတွေပါ ပဲ့ကျတဲ့အထိ ဖြစ်
ပွား လာတယ်လို့ ကြားသိတာနဲ့ တစ်ပြိုင် တည်း ပြည်နယ် အင်ဂျင်နီယာမှူးကြီး
ဦးတင်မောင်အုန်းဦးဆောင်တဲ့ တာဝန်ရှိ
သူတွေ သွားရောက်စစ်ဆေးခဲ့ရာမှာ ဒီ
တံတားဟာ လွန်ခဲ့တဲ့ ၁ဝ နှစ်နဲ့ ၁၅ နှစ်
အကြား တည်ဆောက်တဲ့ တံတားဖြစ်တာ
ရယ်၊ ရေစီးအားနဲ့ တိုက်စားတာရယ်ကြောင့်
ခုလို ပျက်စီးသွားခဲ့တာပါ၊ မော်တော်ယာဉ်
နဲ့ မော်တော်ဆိုင်ကယ်တွေ ယာယီသွားလာ
နိုင်အောင် အမြန်ဆုံး ပြင်ဆင်ဆောင်ရွက် နေပါတယ်'' ဟု ရှင်းလင်းပြောကြားသည်။
မိုးရေတိုက်စားကာ ပျက်စီးသွားသည့် လမ်းအပိုင်းအား မြစ်ကြီးနားမြို့နယ် လမ်း
ဦးစီးဌာနမှ ဦးစီးအရာရှိ (မြို့ပြ) ဦးအောင်
ဆန်းဦးက အနီးကပ်ကြီးကြပ်ကာ အငယ်တန်း
အင်ဂျင်နီယာ(၂) ဒေါ်ဆွေလင်းသန့်နှင့် လုပ်သား ၄ဝ က မြေကော်စက် ယန္တရား
ယာဉ်တစ်စီး၊ မော်တော်ယာဉ်ကြီး ခြောက်
စီးတို့ဖြင့် နေ့၊ ည အဆိုင်းများခွဲကာ ပြင်ဆင်
ဆောင်ရွက်လျက်ရှိပြီး အဆိုပါနေရာတွင်
မကြာမီကာလအတွင်း အရှည် ၁ဝ ပေ၊
အကျယ်ပေ ၆ဝ ရှိ အဆင့်မြင့် အာရ်စီ ကွန်ကရစ်တံတား တည်ဆောက်ပေးသွား
မည်ဖြစ်ကြောင်း သိရသည်။
ဦးလေးကြီး

No comments:

Post a Comment