Friday, July 27, 2018

ကျောက်ကြီးမြို့နယ်တွင် စစ်တောင်းမြစ်ရေလျှံ၍ အရေးပေါ်တာဖို့ခြင်းလုပ်ငန်း ဆောင်ရွက်

Image may contain: one or more people, people standing, tree, outdoor and nature
ကျောက်ကြီး ဇူလိုင် ၂၆
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် နတ်သံကွင်းဒေသ တံခွန်တိုင်ကြီးကျေးရွာရှိ စစ်တောင်း မြစ်ရေလျှံမှုကြောင့် ရေတွင်းကုန်းကြီး ကျေးရွာရှိတာမှာ စိတ်ချရသည့် အခြေအနေ မရှိသည့်အတွက် ယနေ့ နံနက်ပိုင်းတွင် အရေးပေါ်တာဖို့ခြင်း လုပ်ငန်း ဆောင်ရွက်နေကြကြောင်း သိရသည်။
အဆိုပါ စစ်တောင်းမြစ်ဘေးရှိ တာသည် နတ်သံကွင်းဒေသမှ ရေတွင်းကုန်းကျေးရွာအထိ တစ်မိုင် ခန့်အနီးတွင် ပေ ၃ဝဝ ခန့် ရေကျော် လျက်ရှိပြီး တာမကျိုးစေရေးအတွက် ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်သော အဖွဲ့များ၊ နယ်မြေခံ တပ်ရင်းများ၊ လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်းကာ အရေးပေါ်တာဖို့ခြင်း လုပ်ငန်း ဆောင်ရွက်ကြရခြင်းဖြစ် သည်။
ကျောက်ကြီးမြို့နယ်ရှိ စစ်တောင်း မြစ်ရေသည် စိုးရိမ်ရေမှတ် ၉၃ဝ စင်တီမီတာရှိပြီး ယခုအခါ စိုးရိမ် ရေမှတ်ထက် နှစ်ပေခန့် ကျော်လွန် နေပြီဖြစ်ကာ အဆိုပါ တာကျိုးသွား ပါက ကျောက်ကြီးမြို့နယ် ရေကြီး ရေလျှံမှု ဖြစ်ပေါ်နိုင်ကြောင်း သိရ သည်။
ကိုသားကြီး(ပြန်/ဆက်)

No comments:

Post a Comment