Tuesday, July 3, 2018

နှစ်နှစ်ခန့်လက်တွဲခဲ့တဲ့ဇာတ်လမ်းကို အဆုံးသတ်လိုက်တဲ့ လီယမ်ပိန်းနဲ့ ချယ်ရီ

Image may contain: 2 people, people smiling, people standing
ဟောလိဝုဒ်ရဲ့ နာမည်ကျော်တွေဖြစ်ကြတဲ့ တေးသံရှင် လီယမ်ပိန်းနဲ့ ချယ်ရီတို့နှစ်ဦးဟာ လတ်တလောမှာ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း မီဒီယာတွေက ရေးသားဖော်ပြခဲ့ကြတာ တွေ့ရ ပါတယ်။ ဒီလို လမ်းခွဲလိုက်ပြီဖြစ်ကြောင်းကိုတော့ ချယ်ရီနဲ့ လီယမ်တို့နှစ်ဦးစလုံးက သူတို့ရဲ့ လူမှုကွန်ရက်မီဒီယာတွေပေါ်မှာ တရားဝင်ရေးသားဖော်ပြတာကိုလည်း တွေ့ရကြောင်း အီးတီအွန်လိုင်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
ဇူလိုင် ၁ ရက်မှာတော့ လီယမ်ပိန်းက ''ချယ်ရီနဲ့ ကျွန်တော်တို့နှစ်ဦးစလုံး ဒီလိုထုတ်ဖော် ပြောရတာ စိတ်မကောင်းပါဘူး၊ ကျွန်တော်တို့နှစ်ဦး တစ်ယောက်တစ်လမ်းဆီ ဆက်လက် လျှောက်လှမ်းတော့မှာပါ၊ ဒီလို ဆုံးဖြတ်ခဲ့ရတာ ကျွန်တော်တို့အတွက်လည်း အလွန်ကို ခက်ခဲပါတယ်၊ လမ်းခွဲခဲ့ပြီးဖြစ်ပေမယ့် ကျွန်တော်တို့နှစ်ဦးအကြား မိသားစုအဖြစ် အချစ်တွေ ဆက်လက်ရှင်သန်နေဦးမှာပါ''လို့ ထည့်သွင်းရေးသားဖော်ပြခဲ့ပါတယ်။ ဆက်လက်ပြီး ''One Direction''ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ လီယမ်ပိန်းက သူတို့နှစ်ဦးရဲ့ ရင်သွေးလေး ဘဲယားဟာ သူတို့ရဲ့ဘဝဖြစ်တာကြောင့် သားလေးနဲ့ပတ်သက်ပြီး ညှိနှိုင်းစောင့်ရှောက်သွားကြမှာ ဖြစ်တယ် လို့လည်း ရေးသားဖော်ပြထားတာတွေ့ရပါတယ်။
ချယ်ရီကလည်း သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ အလားတူစာကို ရေးသားဖော်ပြ ခဲ့ပါတယ်။ ယခင်ကလည်း ချယ်ရီနဲ့ လီယမ်ပိန်းတို့ရဲ့ ဆက်ဆံရေးမပြေလည်ကြောင်း သတင်း တွေ ပေါ်ထွက်ခဲ့ပါတယ်။ ချယ်ရီက လီယမ်နဲ့ သူ့ရဲ့နောက်ခံအကအဖွဲ့ဝင်တစ်ဦးတို့ အွန်လိုင်း ပေါ်မှတစ်ဆင့် ပြောဆိုဆက်သွယ်ခဲ့ကြတဲ့အကြောင်းတွေကို သူ့ရဲ့ တွစ်တာစာမျက်နှာပေါ် ယူဆောင်လာခဲ့ပြီး သူတို့နှစ်ဦးအကြားက ဆက်ဆံရေးကို ထုတ်ဖော်လာတာပါ။ ချစ်သူတွေအဖြစ် နှစ်နှစ်ခန့် လက်တွဲခဲ့ပြီးနောက် လတ်တလောမှာတော့ ကြယ်ပွင့်နှစ်ဦးက လမ်းခွဲလိုက်ပြီ ဖြစ်ကြောင်း တရားဝင်ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။
အေးပြည့်

No comments:

Post a Comment