
စပိန်လာလီဂါကလပ် ဘာစီလိုနာအသင်းသို့ အာသာ၊ ကလီးမန့်လန်လက်နှင့် မယ်လ်ကွန်တို့ရောက်ရှိလာခဲ့ပြီး နောက် ဂိုမက်စ်၊ ဒမ်ဘီလီနှင့် အခြားသော ကစားသမား အချို့ ဘာစီလိုနာအသင်းမှ ထွက်ခွာဖွယ်ရှိနေကြောင်း သိရသည်။
ဘာစီလိုနာဗဟိုခံစစ်ကစားသမား ယယ်ရီမီနာသည် ဘာစီလိုနာအသင်းတွင် ရာသီဝက်ကစားပေးခဲ့ပြီးနောက် အဲဗာတန်အသင်း၏ ကမ်းလှမ်းမှုခံထားရ၍ ဘာစီလိုနာ အသင်းကလည်း ရောင်းချရန်စီစဉ်နေသည်။
ယယ်ရီမီနာသည် ဇန်နဝါရီလအတွင်းက ပဲလ်မီး ယက်စ်အသင်းမှ ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်ဘောလုံး ရာသီက ခြောက်ပွဲသာပွဲထွက်ကစားခွင့်ရရှိခဲ့သူဖြစ်သည်။ လက်ရှိတွင် ကလီးမန့်လန်လက်ရောက်ရှိလာခဲ့ခြင်းနှင့် အဲဗာတန်အသင်းက ကမ်းလှမ်းထားခြင်းကြောင့် အသင်း တွင် ဆက်ရှိရန်မသေချာဖြစ်နေကြောင်း သိရသည်။
ဘာစီလိုနာအသင်းဂိုးသမား ဆီလက်ဆန်သည် နှစ်ရာသီအတွင်း ၂၁ ပွဲပါဝင်ကစားပေးခဲ့ပြီး ဘာစီလိုနာ အသင်းနှင့်လည်း အံဝင်နေသည့်ကစားသမားတစ်ဦးဖြစ် သည်။ သို့ရာတွင် အသက် ၂၉ နှစ်အရွယ်ရှိ ဆီလက်ဆန် သည် အပြောင်းအရွှေ့ကာလအတွင်း လီဗာပူးအသင်း သို့ ပြောင်းရွှေ့ကစားရန်ဆန္ဒရှိခဲ့သော်လည်း လီဗာပူး အသင်းက အဲလစ်ဆင်ကိုသာ ခေါ်ယူခဲ့ခြင်းကြောင့် ဆီ လက်ဆန်၏ အပြောင်းအရွှေ့မှာ အလုပ်မဖြစ်ခဲ့ပေ။
လက်ရှိတွင် ဘာစီလိုနာအသင်းတွင် ရှိနေသော်လည်း အနာဂတ်ကာလတွင်မူ နူးကမ့်၌ ဆက်ရှိရန်မသေချာ ကြောင်း ပြောကြားခဲ့သည်။
အန်ဒရီဂိုမက်စ်သည် ၂ဝ၁၆ ခုနှစ်အတွင်းက ဘာစီလိုနာအသင်းသို့ ရောက်ရှိလာခဲ့သူဖြစ်ပြီး ပေါ်တူဂီ ကွင်းလယ်ကစားသမား အန်ဒရီဂိုမက်စ်သည် ပြီးခဲ့သည့် ဘောလုံးရာသီအတွင်း စိတ်ဓာတ်ကျမှုများဖြစ်ပေါ်ခဲ့ခြင်း ကြောင့် အသင်းမှ ထွက်ခွာရန် စီစဉ်နေသူဖြစ်သည်။
အန်ဒရီဂိုမက်စ်သည် ယခုအပြောင်းအရွှေ့ကာလ အတွင်း အသင်းပြောင်းရွှေ့ရန်စီစဉ်ခဲ့သော်လည်း တနင်္ဂနွေ နေ့က စပါးအသင်းနှင့် ကစားခဲ့သည့်ပွဲစဉ်တွင် ဒဏ်ရာ ရရှိခဲ့ခြင်းကြောင့် နှစ်လကြာအနားယူရဦးမည်ဖြစ်ပြီး လက်ရှိတွင် ဘာစီလိုနာအသင်း၌ ဆက်ရှိနေဦးမည်ဖြစ် ကြောင်း သိရသည်။
စပိန်တိုက်စစ်မှူး ပါကိုအယ်လ်ကာဆာအား အန်ဒရီ ဂိုမက်စ်ကဲ့သို့ပင် ၂ဝ၁၆ ခုနှစ်အတွင်းက စာချုပ်ချုပ်ဆို ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ဘာစီလိုနာအသင်းနှင့်အတူ ပွဲပေါင်း ၅ဝ ပါဝင်ကစားခွင့်ရရှိခဲ့ရာတွင် သွင်းဂိုး ၁၅ ဂိုးအထိ သွင်းယူနိုင်ခဲ့သူဖြစ်သည်။ သို့ရာတွင် ပုံမှန်ပွဲထွက်ကစား ခွင့်ပျောက်ဆုံးနေခြင်းကြောင့် ဘာစီလိုနာအသင်းနှင့် လမ်းခွဲရန်စီစဉ်လျက်ရှိကြောင်း သိရသည်။
ဒန်နစ်ဆွာရတ်ဇ်သည် ပြီးခဲ့သည့်ဘောလုံးရာသီ၏ ဒုတိယရာသီဝက်တွင် အကောင်းဆုံးခြေစွမ်းပြကစားနိုင် ခဲ့သော်လည်း မယ်လ်ကွန်နှင့် အာသာတို့ ရောက်ရှိလာ ခဲ့ခြင်းကြောင့် အသင်းမှ ထွက်ခွာရန်စီစဉ်နေသူဖြစ်ပြီး လက်ရှိတွင် စပါးအသင်းနှင့် ပွဲစဉ်၌ တံကောက်ကြော ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရာဖင်ဟာသည် ပြီးခဲ့သည့်ဘောလုံးရာသီ ဒုတိယ ရာသီဝက်တွင် အင်တာမီလန်အသင်းသို့ အငှားချထား ခြင်းခံခဲ့ရသူဖြစ်ပြီး လက်ရှိတွင် ဘာစီလိုနာအသင်းသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။ နောက်တန်းကစားသမား ဗာမေလန်သည်လည်း ပြီးခဲ့သည့်ဘောလုံးရာသီက ဘာစီလိုနာအသင်းနှင့်အတူ ခြေစွမ်းပြကစားနိုင်ခဲ့သူဖြစ် သည်။ သို့ရာတွင် ရာဖင်ဟာနှင့် ဗာမေလန်တို့သည် ဘာစီ လိုနာအသင်းနှင့် လမ်းခွဲရန်စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
တိုက်စစ်မှူး နေမာ ပီအက်စ်ဂျီအသင်းသို့ ထွက်ခွာ သွားပြီးနောက် အစားထိုးကစားသမားအဖြစ် ပြောင်းရွှေ့ ကြေးယူရို ၁ဝ၅ သန်းဖြင့် ခေါ်ယူထားခဲ့သည့် ဒမ်ဘီလီ အား ယခုအပြောင်းအရွှေ့ကာလအတွင်း ရောင်းချရန် အစီအစဉ်မရှိကြောင်း ဘာစီလိုနာအသင်းက ပြောကြား ထားသော်လည်း ကစားသမားကိုယ်တိုင်ကမူ အသင်း ပြောင်းရွှေ့ကစားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ငွေကြယ်
No comments:
Post a Comment