
ပရီမီယာလိဂ်ကလပ် ချယ်လ်ဆီးအသင်း နှင့် အီတလီစီးရီးအေကလပ် အေစီမီလန် အသင်းတို့သည် ဂျူဗင်တပ်အသင်း၏ တိုက် စစ်မှူး ဟီဂူအင်အား ခေါ်ယူရန်စိတ်ဝင်စား နေသော်လည်း အဆိုပါတိုက်စစ်မှူးကမူ ဂျူဗင်တပ်အသင်းတွင် ဆက်ကစားရန်ဆန္ဒရှိ နေကြောင်း ပြောကြားခဲ့သည်။
ဂျူဗင်တပ်အသင်း အမှုဆောင်အရာရှိ ချုပ်ဖြစ်သူ ဂူဆက်ပီမိုရက်တာကမူ အာဂျင် တီးနားတိုက်စစ်မှူး ဟီဂူအင်အား ပြောင်းရွှေ့ ကြေးပေါင် ၄၉ သန်းဖြင့် ရောင်းချရန် အသင့်ရှိနေကြောင်း ပြောကြားထားသည်။
ထို့ကြောင့် ချယ်လ်ဆီးအသင်းက တိုက် စစ်မှူး ဟီဂူအင်အား ခေါ်ယူရန် ကြိုးပမ်းခဲ့ ခြင်းဖြစ်ပြီး ဂျူဗင်တပ်အသင်း၏ နောက်တန်း ကစားသမားများဖြစ်သည့် ဂူဂါနီနှင့် ကယ်ဒါရာတို့ကိုလည်း ခေါ်ယူရန် ပြင်ဆင်ခဲ့ ကြောင်း သိရသည်။ ချယ်လ်ဆီးအသင်း နည်းပြ ဆာရီသည် တိုက်စစ်ပိုင်းအားဖြည့်ရန် ဟီဂူအင်အား ပစ်မှတ်ထားလာခဲ့သည့်အပြင် နောက်ထပ် ဗဟိုခံစစ်မှူးတစ်ဦး၊ ဂိုးသမား တစ်ဦးနှင့် ကွင်းလယ်ပိုင်းတွင် အားထားရ သည့် ကစားသမားတစ်ဦးတို့ကိုခေါ်ယူသွား ရန် ဆန္ဒရှိနေကြောင်းလည်း သိရသည်။
လက်ရှိတွင်မူ ချယ်လ်ဆီးအသင်းသည် ခရစ္စတီယန်ပူလီဆစ်နှင့် အာရွန်ရမ်ဆေးတို့ ကို ခေါ်ယူရန် ကနဦးဆွေးနွေးမှုများပြုလုပ် လျက်ရှိကြောင်းသိရသည်။ ချယ်လ်ဆီးအသင်း နှင့်အပြိုင် ဟီဂူအင်အား အေစီမီလန်အသင်း ကလည်း ခေါ်ယူရန် ဆန္ဒရှိနေသော်လည်း လက်ရှိတွင်မည်သည့်အသင်းနှင့်မျှ သဘော တူညီမှုရရှိထားခြင်း မရှိသေးကြောင်း သိရသည်။
ငွေကြယ်
No comments:
Post a Comment