Tuesday, July 31, 2018

ဝီလီယံနှင့် ကော်တိုရစ်အား ပေါင်သန်း ၁ဝဝ ဖြင့် ရီးယဲလ်ကမ်းလှမ်း

Image may contain: 1 person, outdoor
ရီးယဲလ်မက်ဒရစ်အသင်းသည် ပရီမီယာလိဂ်ကလပ် ချယ်လ်ဆီး အသင်းမှ ကွင်းလယ်ကစားသမား ဝီလီယံနှင့် ဂိုးသမား ကော်တိုရစ် တို့အား ခေါ်ယူရန် ပေါင်သန်း ၁ဝဝ ဖြင့် ကမ်းလှမ်းထားကြောင်း စပိန်နိုင်ငံမှ လာသောသတင်းများအရ သိရသည်။
ဘယ်လ်ဂျီယံဂိုးသမား ကော်တိုရစ်မှာ ၎င်း၏ သားသမီးများရှိ ရာ စပိန်မြေသို့ ပြောင်းရွှေ့ကစားရန်အတွက် ထိမ်ချန်ထားခြင်းမရှိဘဲ ပွင့်ပွင့်လင်းလင်းပြောကြားခဲ့သည်။ သို့ရာတွင် ဂိုးသမားကော်တိုရစ်၏ ချယ်လ်ဆီးအသင်းနှင့် လက်ရှိစာချုပ်သက်တမ်းမှာ တစ်နှစ်ကျန်ရှိနေ သေးကြောင်း သိရသည်။
ချယ်လ်ဆီးအသင်း၏ ကွင်းလယ်ကစားသမားဝီလီယံသည် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ကစားမည်ဟု သတင်းများထွက်ပေါ် နေသော်လည်း ဝီလီယံ၏အပြောင်းအရွှေ့အား ပေါင်သန်း ၇ဝ အထိ တောင်းဆိုခဲ့ခြင်းကြောင့် ဘာစီလိုနာအသင်းက ဝီလီယံကို ခေါ်ယူ မည့်အစား မယ်လ်ကွန်ကို ခေါ်ယူခဲ့သည်။
ထို့ကြောင့် ရီးယဲလ်မက်ဒရစ်အသင်းက ချယ်လ်ဆီးကစားသမား နှစ်ဦးဖြစ်သည့် ဝီလီယံနှင့် ကော်တိုရစ်တို့ကို ခေါ်ယူရန်ပစ်မှတ်ထား လာခဲ့ခြင်းဖြစ်ပြီး ကစားသမားနှစ်ဦးပေါင်းကို ပြောင်းရွှေ့ကြေးပေါင် သန်း ၁ဝဝ ဖြင့် ကမ်းလှမ်းထားကြောင်း သိရသည်။
ဘယ်လ်ဂျီယံဂိုးသမား ကော်တိုရစ်မှာ ရီးယဲလ်မက်ဒရစ်အသင်း ၏ ခေါ်ယူရန်ပစ်မှတ်ထားလျက်ရှိသော ပထမဦးစားပေးကစားသမား ဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းသို့ ရောက်ရှိရန် နီးစပ်မှုရှိနေပြီ ဖြစ်ကြောင်းလည်း သိရသည်။
ချယ်လ်ဆီးအသင်းမှာ လက်ရှိတွင် ဂိုးသမား ကော်တိုရစ်နေရာတွင် အစားထိုးရန်အတွက် ဂိုးသမားသစ်တစ်ဦးကို ရှာဖွေလျက်ရှိပြီး စတုတ်စီးတီးအသင်းဂိုးသမား ဂျက်ဘတ်လန်အား အပြောင်းအရွှေ့ ဈေးကွက်ပိတ်သိမ်းမည့် သြဂုတ် ၉ ရက်အထိ စောင့်ဆိုင်းနေမည် ဖြစ်ကြောင်း သိရသည်။ ချယ်လ်ဆီးအသင်းက ပထမခေါ်ယူရန် ပစ်မှတ်ထားနေသည့် ဂိုးသမားဂျော်ဒန်ပစ်ဖို့ဒ် ဖြစ်သော်လည်း ဂျော်ဒန် ပစ်ဖို့ဒ်ကို မခေါ်ယူနိုင်ခဲ့ခြင်းကြောင့် နောက်ထပ်ဂိုးသမားတစ်ဦးကို ခေါ်ယူရန် ပြင်ဆင်လာခဲ့ခြင်းဖြစ်သည်။
ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် ကွင်းလယ်ကစားသမား ဝီလီယံအား ခေါ်ယူစာချုပ်ချုပ်လိုခြင်းမှာ ယခုနှစ်ဘောလုံးရာသီအတွင်း တိုက်စစ်မှူး ဂါရတ်ဘေးလ်အား ရောင်းထုတ်ရန်အထိ စီစဉ်ထားခဲ့ ခြင်းဖြစ်ကြောင်းလည်းသိရသည်။ ရီးယဲလ်မက်ဒရစ်အသင်းသည် ကွင်းလယ်ပိုင်းအားဖြည့်ရန် ဆန္ဒပြင်းပြနေခဲ့သည်မှာ နည်းပြဟောင်း ဇီဒန်းလက်ထက်ကတည်းက ကွင်းလယ်ကို အသားပေးခဲ့ခြင်းကြောင့် ဖြစ်ပြီး လက်ရှိနည်းပြသည်လည်း ကွင်းလယ်တိုက်စစ်ကစားသမား များကို ယခင်ရှိသည့်ကစားသမားအရေအတွက်ထက် ပိုမိုခေါ်ယူလို ခြင်းကြောင့် ဖြစ်ကြောင်းလည်းသိရသည်။
ငွေကြယ်

No comments:

Post a Comment