Wednesday, July 4, 2018

မြန်မာနိုင်ငံမှ ဘက်စုံထူးချွန်ကျောင်းသားများ မလေးရှားသို့ ထွက်ခွာ

Image may contain: 19 people, people smiling, people standing
ရန်ကုန် ဇူလိုင် ၃
YSS-ASEANလူငယ်ကျောင်းသား များ လုပ်အားပေးအစီအစဉ်ကို မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ်၌ ဇူလိုင် ၄ ရက်မှ ၂၂ ရက်အထိ ကျင်းပသွားမည်ဖြစ်ရာ မြန်မာနိုင်ငံမှ ဘက်စုံထူးချွန် ကျောင်းသား ၂ဝ သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာ သွားကြသည်။
မြန်မာကျောင်းသား လူငယ်များ သည် တရုတ်နိုင်ငံမှ ကျောင်းသား ၁၈ ဦး၊ အာဆီယံနိုင်ငံ ကိုးနိုင်ငံမှ လူငယ် ၁၈ဝ တို့နှင့်အတူ ပညာ ရေး၊ ကျန်းမာရေး၊ လူမှုဝန်းကျင်၊ စိုက်ပျိုးရေးနှင့် ဇီဝဗေဒ၊ အိုင်တီနှင့် စွန့်ဦးတီထွင် စီးပွားရေး၊ ဘေးအန္တရာယ် ကာကွယ်တားဆီးရေး အစရှိသည့် ကဏ္ဍများတွင် ပါဝင်လုပ်အားပေး လှုပ်ရှား ဆောင်ရွက်ကြမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါ အစီအစဉ်ကို ASEAN Secretariatနှင့် YSS (Ministry of Education Malaysia )တို့က full sponsorshipပေးထားခြင်း ဖြစ်ပြီး မြန်မာကျောင်းသားများ အတွက် JENKO Education က ပူးပေါင်းပါဝင် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment