Wednesday, July 4, 2018

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ရုရှားနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

Image may contain: 2 people, people sitting, living room, table and indoor
နေပြည်တော် ဇူလိုင် ၃
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Dr. Nikolay Listopadov အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် ရုရှား-မြန်မာနှစ်နိုင်ငံအကြား လွှတ်တော်အချင်းချင်း အပြန်အလှန် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံမှုတိုးမြှင့်ရေး၊ ကဏ္ဍအသီးသီးတွင်ပူးပေါင်းဆောင် ရွက်ရေး၊ ရုရှား-မြန်မာ လွှတ်တော်ချစ်ကြည်ရေးအသင်း တည်ထောင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်း စွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန် ရှိသူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment