Wednesday, July 4, 2018

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ဗြိတိန်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


Image may contain: 3 people, people sitting and indoor=======================

နေပြည်တော် ဇူလိုင် ၃
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဒယ်နီရယ် ပတရစ် ဘရန်ဒန် ချဂ်နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။
ထိုသို့တွေ့ဆုံစဉ် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးနှင့် ပြည်ပရောက် အလုပ်သမားများအား ကာကွယ်စောင့်ရှောက်ပေးရေးကိစ္စ၊ အလုပ်အကိုင်အခွင့် အလမ်းများတွင် အထည်ချုပ်လုပ်ငန်းများသည် အမျိုး သမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိ စေနိုင်ရေးနှင့် ဗြိတိန်နိုင်ငံမှ အထည်ချုပ်လုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံနိုင်ရေးကိစ္စ၊ ပြည်ပရောက် မြန်မာအလုပ် သမားများအရေး ဆောင်ရွက်နေမှုများ၊ ပြည်တွင်းရှိ လုပ်သားများ ကျွမ်းကျင်မှုအဆင့်မြှင့်တင်ရေး ဆောင်ရွက် နေမှုအခြေအနေများ၊ ဘူးသီးတောင်၊ မောင်တောဒေသ ရှိ ကျေးရွာများ၌ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်မည့် အစီအစဉ်များ၊ ပြန်လည်လက်ခံရေး ဆောင်ရွက်ထားရှိသည့် ကိစ္စရပ်များ၊ ၂ဝ၁၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခဲ့သည့် အခြေအနေများ၊ မကြာမီ နှစ်လည်သန်းခေါင်စာရင်း ကောက်ယူမည့် အခြေအနေများ၊ လူမျိုးစု စာရင်းများ ထုတ်ပြန်နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment