Tuesday, July 31, 2018

ချစ်သူတွေဖြစ်နေကြောင်း သတင်းတွေ ထွက်လာတဲ့ ပါ့ခ်မင်ယောင်းနဲ့ ပါ့ခ်စိုးဂျင်

Image may contain: 2 people, people smiling, dog
ဒီသတင်းတွေ ထွက်ပေါ်လာချိန်မှာတော့ ''What’s Wrong with Secretary Kim''ဇာတ်လမ်းတွဲဟာ ''Descendants of the Sun''ဇာတ်လမ်းတွဲရဲ့ ခြေရာကိုနင်းတော့မှာဖြစ်တယ်လို့ အထင်ရောက်စေပါတယ်။ အကြောင်း ကတော့ ''What’s Wrong with Secretary Kim''မှာ ပါဝင်နေတဲ့ ဇာတ်ဆောင်တွေဖြစ်ကြတဲ့ မင်းသားနဲ့ မင်းသမီးဟာ မျိုးရိုးနာမည်တွေ တူကြသလို ချစ်သူတွေဖြစ်နေကြောင်း သတင်းတွေထွက်ပေါ်လာခဲ့လို့ ဖြစ်ပါ တယ်။ ''Descendants of the Sun''ဇာတ်လမ်းတွဲရဲ့ အဓိကဇာတ်ဆောင်တွေ ဖြစ်ကြတဲ့ မင်းသား ဆောင်းဂျွန်ကီနဲ့ မင်းသမီး ဆောင်းဟေကိုတို့ဟာလည်း မျိုးရိုးနာမည်တွေတူကြပြီး ဆောင်း-ဆောင်းစုံတွဲရယ်လို့ နာမည်ကျော်ကြသူတွေ ဖြစ်ကြလို့ပါ။ ''What’s Wrong with Secretary Kim''ဇာတ်လမ်းတွဲမှာ ပါဝင်ထားကြတဲ့ မင်းသမီး ပါ့ခ်မင်ယောင်းနဲ့ မင်းသား ပါ့ခ်စိုးဂျင်တို့ဟာလည်း ပါ့ခ်-ပါ့ခ်စုံတွဲအဖြစ် ကောလာဟလတွေ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။
ဒီသတင်းတွေဟာ ကောလာဟလတွေအဖြစ်သာ ပေါ်ထွက်လာခဲ့တာပါ။ အမှန်တကယ်စုံတွဲအဖြစ် မရောက်ခဲ့ဘဲ သူတို့ရဲ့အေဂျင်စီတွေ ဘက်က ကောလာဟလတွေကို ပြန်လည်ကာ ငြင်းချက်ထုတ်ခဲ့ကြောင်း သိရပါတယ်။
''What’s Wrong with Secretary Kim''ဇာတ်လမ်းတွဲဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ကြည့်ရှုသူ ပရိသတ်များပြားနေဆဲမှာပင် ဇာတ်သိမ်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒီလို ဇာတ်လမ်းအဆုံးသတ်ထုတ်လွှင့်မှုနဲ့အတူ အဓိက သရုပ်ဆောင်တွေ ချစ်သူတွေဖြစ်နေကြကြောင်း သတင်းတွေဟာလည်း တစ်ဆက်တည်း ပေါ်ထွက်လာခဲ့တာပါ။ ယင်းဇာတ်လမ်းတွဲမှာ ပါ့ခ်မင်ယောင်းက အဓိကအမျိုးသမီးဇာတ်ဆောင်နေရာမှာ ပါဝင်ခဲ့တာဖြစ်ပြီး ရင်းနှီးတဲ့သတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်အရ ပါ့ခ်မင်ယောင်းကို အဓိကဇာတ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်စေဖို့ ရွေးချယ်ခဲ့သူကလည်း မင်းသား ပါ့ခ်စိုးဂျင် ဖြစ်တယ်လို့လည်း သိရပါတယ်။
တစ်ဆက်တည်းပေါ်ထွက်လာတဲ့ သတင်းတွေအရ သူတို့နှစ်ဦး ချစ်သူ တွေဖြစ်ခဲ့ကြတာ သုံးနှစ်ခန့်ရှိကြောင်းလည်း သိရပါတယ်။ ဒီလိုလက်တွဲ လာခဲ့ပြီး မကြာမီ လက်ထပ်ဖို့ရာ စီစဉ်ထားကာ ဇာတ်လမ်းတွဲမှာလည်း အတူတွဲဖက်သရုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
ချစ်သူတွေဖြစ်နေကြောင်း သတင်းတွေပေါ်ထွက်လာချိန်မှာတော့ အေဂျင်စီတွေက ငြင်းဆိုခဲ့ကြပါတယ်။ ကာယကံရှင်တွေဘက်ကတော့ တစ်စုံတစ်ရာ ရှင်းလင်းပြောကြားတာမရှိခဲ့ပါဘူး။ ဆောင်း-ဆောင်း စုံတွဲ တုန်းကလည်း ဇာတ်လမ်းထုတ်လွှင့်မှုအပြီးမှာ ချစ်သူတွေဖြစ်နေကြောင်း သတင်းတွေ ပေါ်ထွက်ခဲ့ပေမယ့် အေဂျင်စီတွေက ငြင်းဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာ ကာယကံရှင်တွေဘက်က ဝန်ခံခဲ့ကြပြီး တစ်ချိန်တည်းမှာပင် မင်္ဂလာသတင်းကိုပါ အသိပေးခဲ့တာဖြစ်ကြောင်း သိရပါတယ်။
အေးပြည့်

No comments:

Post a Comment