Tuesday, July 31, 2018

တေလာဆွစ်ရဲ့ ဖျော်ဖြေပွဲသို့ သွားရောက်အားပေးခဲ့တဲ့ ရွိုင်ယန်ရေးနော့ဗ်နဲ့ ဘလိတ်ခ်လိုက်ဗလီ

Image may contain: 1 person, on stage, standing, concert and crowd
ဟောလိဝုဒ်ရဲ့ နာမည်ကျော်ကြယ်ပွင့်မောင်နှံနှစ်ဦးဖြစ်တဲ့ ရွိုင်ယန်ရေးနော့ဗ်နဲ့ ဘလိတ်ခ်လိုက်ဗလီတို့ဟာ လတ်တလောမှာ ကျင်းပခဲ့တဲ့ ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်ရဲ့ နယ်လှည့်ဖျော်ဖြေပွဲကို သွားရောက်အားပေးခဲ့တာကို တွေ့ရပါ တယ်။ ဒီဖျော်ဖြေပွဲကို မောင်နှံနှစ်ဦးတည်း တက်ရောက်ခဲ့တာဖြစ်ပြီး ရင်သွေး လေးတွေကို အိမ်မှာ ထားခဲ့တာဖြစ်ပေမယ့် ယင်းဖျော်ဖြေပွဲမှာ သမီးဖြစ်သူရဲ့ အသံကို ကြားနေရဆဲ ဖြစ်ပါတယ်။ အကြောင်းကတော့ တေလာဆွစ်ရဲ့ တေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ ''Gorgeous''မှာ ရွိုင်ယန်ရေးနော့ဗ်နဲ့ ဘလိတ်ခ် လိုက်ဗလီတို့ရဲ့ သမီးဖြစ်သူ ဂျိမ်းစ်ရဲ့ အသံပါဝင်နေတာကြောင့်ဖြစ်ကြောင်း အီးအွန်လိုင်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
တေလာဆွစ်ဟာ လက်ရှိမှာ သူ့ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ တေးအယ်လ်ဘမ် ''Reputation''အတွက် နယ်လှည့်ဖျော်ဖြေပွဲတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မက်ဆာချူးဆက်ပြည်နယ် ဘောက်ဇ်ဗိုရိုမှာရှိတဲ့ ဂျီလတ်ဘောလုံးကွင်းမှာ နယ်လှည့်ဖျော်ဖြေရေးခရီးစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် တေးဂီတဖျော်ဖြေပွဲပြုလုပ်ခဲ့ရာ ရွိုင်ယန်ရေးနော့ဗ်နဲ့ ဘလိတ်ခ်လိုက်ဗလီတို့ သွားရောက်ကြည့်ရှုခဲ့ကြတာဖြစ်ပါတယ်။
ဒီဖျော်ဖြေပွဲမှာ တေလာဆွစ်က တေးအယ်လ်ဘမ်သစ်မှာပါဝင်တဲ့ တေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ ''Gorgeous''ကို သီဆိုခဲ့ပါတယ်။ ဒီတေးသီချင်းမှာ ရွိုင်ယန်ရေးနော့ဗ်နဲ့ ဘလိတ်ခ်လိုက်ဗလီတို့ရဲ့ သမီးဖြစ်သူ အသက် သုံးနှစ် အရွယ် ဂျိမ်းစ်ရဲ့ အသံလည်းပါဝင်နေတာဖြစ်ပါတယ်။ သမီးဖြစ်သူရဲ့အသံ စပီကာတွေကနေတစ်ဆင့် ထွက်ပေါ်လာချိန်မှာ ဖြစ်ပေါ်လာတဲ့ မိဘတွေရဲ့ ပုံရိပ်ကိုလည်း ကင်မရာတွေက အမိအရ မှတ်တမ်းတင်ထားခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် အဲဒီပုံရိပ်တွေကို ဖျော်ဖြေရေးစင်မြင့်ထက်မှာ တိုက်ရိုက်ထုတ်လွှင့်ပြသမှုလည်း ပြုခဲ့ပါတယ်။
တေလာဆွစ်နဲ့ ကြယ်ပွင့်မောင်နှံဟာ ပြီးခဲ့တဲ့ နှစ်နှစ်ခန့်က စတင်ရင်းနှီး ခဲ့ကြတာဖြစ်ပါတယ်။ တေလာဆွစ်ကျင်းပတဲ့ ပါတီပွဲတွေမှာ ရွိုင်ယန်ရေးနော့ဗ်နဲ့ ဘလိတ်ခ်လိုက်ဗလီတို့ တက်ရောက်ခဲ့ကြပြီး ကြယ်ပွင့်စုံတွဲရဲ့ ဒုတိယမြောက် ရင်သွေးလေးမွေးဖွားချိန်မှာလည်း ဆေးရုံသို့ လာရောက်ကြည့်ရှုခဲ့ကြောင်းလည်း သိရပါတယ်။
အေးပြည့်

No comments:

Post a Comment