Thursday, July 26, 2018

အာဆီယံ ယူ-၁၆ ပြိုင်ပွဲယှဉ်ပြိုင်ရန်မြန်မာ ယူ-၁၆ အသင်း ပြင်ဆင်

Image may contain: 1 person, outdoor and text
ရန်ကုန် ဇူလိုင် ၂၅
ဇူလိုင် ၂၉ ရက်မှ သြဂုတ် ၁၁ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ ၌ ကျင်းပမည့် ၂ဝ၁၈ အာဆီယံ ယူ-၁၆ ပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာ ယူ-၁၆ အသင်းသည် အပြီးသတ်လေ့ကျင့်ပြင်ဆင်မှု များ ပြုလုပ်လျက်ရှိသည်။
အာဆီယံ ယူ-၁၆ ပြိုင်ပွဲကို အုပ်စုနှစ်ခုခွဲ၍ ကျင်းပ မည်ဖြစ်ပြီး အုပ်စု (က) တွင် ဗီယက်နမ်၊ မြန်မာ၊ ကမ္ဘော ဒီးယား၊ အင်ဒိုနီးရှား၊ တီမော၊ ဖိလစ်ပိုင်၊ အုပ်စု (ခ)တွင် ထိုင်း၊ မလေးရှား၊ လာအို၊ ဘရူနိုင်းနှင့် စင်ကာပူအသင်း တို့ ပါဝင်ကြသည်။ မြန်မာ ယူ-၁၆ အသင်းသည် ပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် ထိုင်းနိုင်ငံ၌ ဇူလိုင် ၂ဝ ရက်မှ ၂၄ ရက်အထိ သွားရောက်လေ့ကျင့်ခဲ့ပြီး ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားရာ တစ်ပွဲနိုင်၊ တစ်ပွဲသရေကျခဲ့သည်။ မြန်မာ ယူ-၁၆ အသင်းသည် Bangkok Christain Collegeအသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီး ထိုင်း ယူ-၁၆ လူငယ်လက်ရွေးစင်အသင်းနှင့် တစ်ဂိုးစီ သရေ ကျခဲ့သည်။ မြန်မာယူ-၁၆ အသင်းသည် ဘောလုံး အကယ်ဒမီများမှ ကစားသမားများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး အတွေ့အကြုံရရန် ယူ-၂၁ အမှတ်ပေးပြိုင်ပွဲတွင် MFF Youth အသင်းအမည်ဖြင့် ဝင်ရောက်ယှဉ်ပြိုင် ခဲ့သည်။ ပြိုင်ပွဲဝင် မြန်မာ ယူ-၁၆ အသင်းတွင် အုပ်ချုပ်သူ ဦးစည်သူဝင်း၊ နည်းပြချုပ် ဦးညီညီလတ်၊ လက်ထောက်နည်းပြ ဦးမင်းမင်းထွန်း၊ ဦးထွန်းလင်းအောင်၊ ဂိုးနည်းပြ ဦးစိန်အေး၊ ကစားသမားများအဖြစ် ဂိုးသမား-ဟိန်းထက်စိုး၊ နေလင်းထက်၊ စောခူမို၊ နောက်တန်း စောထူး ပွဲမို၊ မျိုးချစ်ဇော်၊ သော်ဇင်ထက်၊ ဥာဏ်လင်းထက်၊ ရှင်းသန့်အောင်၊ ကောင်းခန့်ကျော်၊ အလယ်တန်း နောင်နောင်စိုး၊ ဇော်ဝင်းသိန်း၊ အောင်ကိုဦး၊ ရဲထက်အောင်၊ ငြိမ်းဇေယျာ၊ ရန်နိုင်လင်း၊ ဝေယံစိုး၊ ရန်ကျော်စိုး၊ နိုင်ထွေး၊ ခွန်ကျော်ဇင်ဟိန်း၊ သန့်စည်သူ၊ ရှေ့တန်း ပြည့်ဖြိုးအောင်၊ လမင်းထွေး၊ စောကျော်ထက်တို့ ပါဝင်သည်။ မြန်မာ ယူ-၁၆ အသင်းသည် ထိုင်းခြေစမ်းခရီးစဉ် သွားရောက် ကစားခဲ့သည့် ကစားသမား ၂၃ ဦးဖြင့် သွားရောက်ယှဉ်ပြိုင် မည်ဖြစ်သည်။
သတင်း-ရှိုင်းထက်ဇော်၊ ဓာတ်ပုံ-စိုးညွန့်

No comments:

Post a Comment