Friday, July 27, 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကရင်ပြည်နယ်ရှိ ရေဘေးရှောင်ပြည်သူများအား သွားရောက်အားပေးစကားပြောကြား

Image may contain: 21 people, people smiling, crowd

နေပြည်တော်   ဇူလိုင်    ၂၆

နိုင်ငံတော်၏  အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို့ရှိ ရေဘေး ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ပြီး ရေဘေးရှောင်ပြည်သူများအား   တွေ့ဆုံအားပေးစကား ပြောကြားကာ စားနပ်ရိက္ခာ၊ ထောက်ပံ့ပစ္စည်းနှင့် အလှူငွေများ ပေးအပ်သည်။
နိုင်ငံတော်၏  အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်ထောင်စုဝန်ကြီး   ဒုတိယဗိုလ်ချုပ်ကြီး   ကျော်ဆွေ၊  ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊    ဒေါက်တာ မြင့်ထွေး၊    ဒုတိယဝန်ကြီး ဦးမင်းသူ၊ ဦးကျော်လင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြန်မာအမျိုးသား လေကြောင်းလိုင်းဖြင့်  နေပြည်တော်မှထွက်ခွာရာ   နံနက် ၈ နာရီခွဲတွင် မွန်ပြည်နယ်  မော်လမြိုင်လေဆိပ်သို့ ရောက်ရှိကြသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ကရင်ပြည်နယ် ဝန်ကြီးချုပ်    ဒေါ်နန်းခင်ထွေးမြင့်နှင့် တာဝန်ရှိသူများက လေဆိပ်၌  ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အဖွဲ့သည်  ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့်အတူ   မော်တော်ယာဉ် များဖြင့်  မော်လမြိုင်မြို့မှ ဆက်လက် ထွက်ခွာရာ ကရင်ပြည်နယ် ဘားအံမြို့သို့ ရောက်ရှိကြသည်။
ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်
ယင်းနောက်     နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဖွဲ့ဝင်များနှင့် အတူ   ရေဘေးကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားသည့် ဘားအံမြို့   ရွှေယဉ် မျှော်စေတီသို့ရောက်ရှိကာ စေတီတော် ဂန္ဓကုဋိတိုက်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော် မြတ်အား ပန်း၊ ရေချမ်း၊   ဆီမီးတို့ကို ကပ်လှူပူဇော်     ဖူးမြော်ကြည်ညိုပြီး ဂေါပကအဖွဲ့ထံ အလှူငွေများ ပေးအပ် လှူဒါန်းသည်။
ထို့နောက်   ရွှေယဉ်မျှော်စေတီ တော်၌  လာရောက်ခိုလှုံလျက်ရှိသည့် ရေဘေးရှောင် ပြည်သူများအား ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားပြီး    ဆန်၊ ဆီ၊ ဆေးဝါး၊ စားသောက်ကုန်၊ အဝတ်အထည်နှင့် ထောက်ပံ့ငွေများကို ပေးအပ်သည်။
သံလွင်မြစ်ရေမြင့်တက်မှု
အခြေအနေ  ကြည့်ရှု
ယင်းနောက်      နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည်  ရွှေယဉ်မျှော် စေတီတော်ရင်ပြင် ရှုရပ်မှနေ၍ သံလွင် မြစ်ရေမြင့်တက်မှု အခြေအနေအား ကြည့်ရှုစစ်ဆေးသည်။
ထို့နောက်  နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဝင် မိုးကယ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တတေဇိန္ဒအား ဖူးမြော် ကြည်ညိုပြီး      လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ဥပဒေဘောင်အတွင်းမှ လုပ်ကိုင်
ဆက်လက်၍       နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည်   ဘားအံမြို့ အမှတ်(၃)ရပ်ကွက်ရှိ    Cyclone Shelter သို့ရောက်ရှိပြီး ရေဘေးရှောင် ပြည်သူများနှင့် တွေ့ဆုံကာ အသက်မွေး ဝမ်းကျောင်း   လုပ်ကိုင်စားသောက်နေမှု အခြေအနေ၊ ဥပဒေလေးစားလိုက်နာ ရေး၊ ဥပဒေဘောင်အတွင်းမှ လုပ်ကိုင် နေထိုင်စားသောက်ရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက်   အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးပြောကြားပြီး ရေဘေးရှောင် ပြည်သူများအတွက်   စားနပ်ရိက္ခာ၊ ထောက်ပံ့ပစ္စည်းများနှင့် အလှူငွေများကို တာဝန်ရှိသူများထံ ပေးအပ်သည်။
အခြေအနေများမေးမြန်း
ယင်းနောက် ရေဘေးကယ်ဆယ် ရေးစခန်း  ဖွင့်လှစ်ထားသည့် ပြည်နယ် မိုးလုံလေလုံ အားကစားရုံသို့ ရောက်ရှိ ကြပြီး    ရေဘေးရှောင်ပြည်သူများ၏ နေထိုင်စားသောက်မှု၊ ကျန်းမာရေးနှင့် ကူညီကယ်ဆယ်    ထောက်ပံ့ပေးနေမှု အခြေအနေတို့ကို   မေးမြန်းပြီး   ဆန်၊       ဆီ၊   ဆေးဝါး၊   စားသောက်ကုန်၊               အဝတ်အထည်နှင့် ထောက်ပံ့ငွေများကို ပေးအပ်သည်။
ညှိနှိုင်းပူးပေါင်းဆောင်ရွက်
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည်  ကရင်ပြည်နယ်အစိုးရအဖွဲ့ ရုံး   အစည်းအဝေးခန်းမ၌     ပြည်နယ် ဝန်ကြီးချုပ်      ဒေါ်နန်းခင်ထွေးမြင့် အပါအဝင်   ပြည်နယ်အစိုးရအဖွဲ့ဝင် များနှင့်   တွေ့ဆုံပြီး   ယခုကာလသည် ရာသီဥတုပြောင်းလဲမှုကြောင့်   ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ယခင်က   ဖြစ်လေ့ဖြစ်ထ  မရှိခဲ့သော်   လည်း ယခုအခါ  ယခင်က မဖြစ်ဖူးသည့် ပြောင်းလဲမှုများ    ဖြစ်ပေါ်လျက်ရှိပါ ကြောင်း၊   ယင်းပြောင်းလဲမှုများမှာ ပုံမှန်သဘော ဖြစ်လာမည်ဖြစ်ပါကြောင်း၊ ရေကြီးရေလျှံမှုများ   ဖြစ်ပေါ်ရခြင်း အကြောင်းအရင်းများကို    ဖော်ထုတ် ဖြေရှင်းဆောင်ရွက်ရာတွင် ပြည်ထောင်စု နှင့်ပြည်နယ်  ညှိနှိုင်းပူးပေါင်း  ဆောင်    ရွက်ရန်ဖြစ်ပါကြောင်း၊   မြစ်ကြောင်း တိမ်ကောမှုများကြောင့် ရေလျှံရသည် ဆိုလျှင်လည်း   မြစ်ကြောင်းတူးဖော် ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက် ရန်လိုအပ်ပါကြောင်း၊  ရေကြီးရေလျှံမှု ကြောင့်   တံတားများကျိုးပျက်ခြင်း       များ  ကြုံတွေ့ရသဖြင့်  အများပြည်သူ သွားလာရေး၊      သယ်ယူပို့ဆောင်ရေး အခက်အခဲမဖြစ်စေရေး   အမြန်ဆုံး ပြုပြင်တည်ဆောက်ရန်     လိုအပ်ပါ ကြောင်း၊ ရေဘေးရှောင်ပြည်သူများကို မေးမြန်းသိရှိရသည့်      အချက်များအရ  ကယ်ဆယ်ရေးစခန်းများတွင် ရောက်ရှိ နေချိန် ကျန်းမာရေး အသိပညာပေးရေး၊ အာဟာရပြည့်ဝစေရေး၊  အသက်မွေး ဝမ်းကျောင်း  လုပ်ကိုင်နိုင်မည့် စွမ်းရည် မြှင့်သင်တန်းများ  သင်ကြားပေးရေး၊ မြို့တွင်း၌ ရေလျှံမှုများ   မဖြစ်စေရေး အတွက် ရေမြောင်းများ ပိတ်ဆို့မှုမဖြစ် စေရန်နှင့် ပြည်သူများ စည်းကမ်းတကျ အမှိုက်စွန့်ပစ်စေရေး စည်းကမ်းချမှတ် ဆောင်ရွက်သွားရန်  လိုအပ်ကြောင်း ပြောကြားသည်။
ထို့ပြင် ကရင်ပြည်နယ်၏ သဘာဝ အားသာချက်များကို စီးပွားရေးအခွင့် အလမ်းများအဖြစ် ပြောင်းလဲနိုင်ရေး၊      စိုက်ပျိုးရေးထွက်ကုန် အခြေခံကုန်ထုတ် စက်မှုလုပ်ငန်းများ   ဖြစ်ထွန်းအောင် မြင်ရေး၊     အသက်မွေးဝမ်းကျောင်း သင်တန်းများ    ပိုမိုသင်ကြားနိုင်ရေး အတွက်   အခြေခံအဆောက်အအုံများ ဖြည့်တင်းတည်ဆောက်ရေးကိစ္စရပ် များတွင် ပြည်ထောင်စုအစိုးရနှင့် ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရန်   လမ်းညွှန် မှာကြားသည်။
ယင်းနောက်       ဘားအံမြို့မှ မော်တော်ယာဉ်များဖြင့်     ပြန်လည် ထွက်ခွာလာရာ မွန်ပြည်နယ် မော်လမြိုင် လေဆိပ်သို့ ရောက်ရှိကြသည်။
နိုင်ငံတော်၏  အတိုင်ပင်ခံပုဂ္ဂိုလ် သည် မော်လမြိုင်လေဆိပ် ခေတ္တနား နေဆောင်၌ အမျိုးသားသဘာဝဘေး အ္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေမှ မွန်ပြည်နယ် သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေ သို့ လွှဲပြောင်းထောက်ပံ့သည့် ငွေ$ကျပ် သိန်း ၁ဝဝဝ  ကို  မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံထံ ပေးအပ်သည်။
ယင်းနောက်    နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်သည်      မြန်မာအမျိုးသား လေကြောင်းလိုင်းဖြင့်   မော်လမြိုင် လေဆိပ်မှ    ပြန်လည်ထွက်ခွာရာ  ညနေ ပိုင်းတွင်  နေပြည်တော်သို့ ပြန်လည် ရောက်ရှိကြသည်။
ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အတူ  အဖွဲ့ဝင်အဖြစ် လိုက်ပါ လာကြသည့်   ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊  ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်နှင့်   တာဝန် ရှိသူတို့သည် ရေဘေးကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ထားသည့် ဘားအံမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းနှင့် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းတို့သို့  သွားရောက် ပြီး     ရေဘေးရှောင်ပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေး စကားပြောကြားကာ စားနပ်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများကို    ပေးအပ်   ခဲ့သည်။
ဘားအံမြို့ပေါ်တွင်    ရေဘေး ကယ်ဆယ်ရေးစခန်း   ၁၁ ခု ဖွင့်လှစ်ထား ရှိပြီး အိမ်ထောင်စုပေါင်း ၁၁၈၂ စုမှ လူဦးရေ   ၆၁၆ဝ အား   လက်ခံကူညီ ထောက်ပံ့ပေးထားကြောင်း၊    ကရင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်  ဘားအံ မြို့ပေါ်ရှိ   ကယ်ဆယ်ရေးစခန်း တစ်ခု    လျှင် ငွေ$ကျပ်သိန်း ၂ဝ၊ ဆန် ၁ဝ အိတ်၊ ဆီ ၁ဝ ပိဿာပုံး ၁ဝ ပုံး ထောက်ပံ့ပေး ထားပြီး   ရေဘေးရှောင်  ပြည်သူများအား ပြည်နယ်အစိုးရအဖွဲ့  အစီအစဉ်ဖြင့် နေ့လယ်စာနှင့် ညစာများ ကျွေးမွေးထား ကြောင်းနှင့် အမျိုးသားသဘာဝဘေး အ္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေမှ   ကရင်ပြည်နယ်   သဘာဝ      ဘေးအ္တရာယ်စီမံခန့်ခွဲမှုကော်မတီ  ရန်ပုံ  ငွေသို့  ငွေ$ကျပ် သိန်း ၁ဝဝဝ လွှဲပြောင်း ထောက်ပံ့ထားကြောင်း သိရသည်။
ထို့ပြင် နယ်စပ်ရေးရာဝန်ကြီးဌာန ကလည်း ဘားအံမြို့ပေါ်ရှိ ရေဘေးသင့် စခန်းများအတွက် ကျောင်းသုံးဗလာ စာအုပ် ‘ဒါဇင် ၂၅ဝ နှင့် ကယ်ဆယ်ရေး စခန်းများရှိ ရေဘေးရှောင်ပြည်သူများ အတွက်  ငွေ$ကျပ်  ၂၅၄  သိန်းကျော် ထောက်ပံ့ထားကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment