Tuesday, July 3, 2018

ရခိုင်ပြည်နယ်အဆင့် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

Image may contain: one or more people and basketball court
စစ်တွေ ဇူလိုင် ၂
ရခိုင်ပြည်နယ်အဆင့် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် (Case Management Program-CMP) အကောင်အထည်ဖော် ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ယခုဆွေးနွေးပွဲသည် ရည်ရွယ်ချက်ကောင်းကောင်းနှင့် အနှစ်သာရပြည့်ပြည့်ဝဝ ဆောင်ရွက်သွားနိုင်မည်ဆိုလျှင် နိုင်ငံအတွက်၊ ပြည်သူများအတွက် အကောင်းဆုံးအကျိုး ရလဒ်ရရှိမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်အနေဖြင့်လည်း ''တရားမျှတရေး အတူတကွ မြှင့်တင်ပေး'' ဆောင်ပုဒ်ကို ဖော်ဆောင်ပြီး တရားစီရင်ရေး သုံးနှစ်တာမဟာဗျူဟာစီမံကိန်း ၂ဝ၁၅-၂ဝ၁၇ ရေးဆွဲ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ သုံးနှစ်တာစီမံကိန်း ကာလအတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တွင် ရှေ့ပြေးတရားရုံးများအဖြစ် ဆောင်ရွက်ခဲ့သည်ကို သိရှိ ရပါကြောင်း၊ ယင်းစီမံကိန်းပြီးဆုံးသည့်အခါ စီမံကိန်း အပေါ် အခြေခံပြီး ပြည်သူလူထု၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ''အားလုံးအတွက် တိုးတက်ကောင်းမွန် သော တရားမျှတမှုဆီသို့'' ဆောင်ပုဒ်နှင့်အညီ တရားစီ ရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်းသစ် ၂ဝ၁၈-၂ဝ၂၂ ငါးနှစ်တာမဟာဗျူဟာစီမံကိန်းကို ရေးဆွဲဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုအစီအစဉ်ကို နိုင်ငံတစ်ဝန်း တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးတွင် အဆင့်အလိုက် အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ်တွင် စစ်တွေခရိုင်တရားရုံးနှင့် စစ်တွေမြို့နယ်တရားရုံးတို့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ဖြင့် အမှုစစ်ဆေးရာ တွင် ပါဝင်ဆောင်ရွက်ကြရမည့် ဆက်စပ်ဌာနအဖွဲ့အစည်း များအနေဖြင့် ပြည်သူများအကျိုးကိုရှေးရှုပြီး မှုခင်းစီမံ ခန့်ခွဲရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် အလေးထား ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်တရားလွှတ်တော် တရား သူကြီးချုပ် ဦးကျောက်က တရားစီရင်ရေးဆိုင်ရာ မဟာ ဗျူဟာစီမံကိန်းအကြောင်းနှင့် ပြောင်းလဲကျင့်သုံးမည့် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်(CMP) လုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး ပြည်နယ်တရားရေးဦးစီးမှူး ဦးစိုးစိုးက မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ဖြင့် ဆောင်ရွက် ကျင့်သုံးမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို Power Point ဖြင့် ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် ပြည်နယ်ဝန်ကြီး များ၊ တက်ရောက်လာကြသော ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများက သိရှိလိုသည်များကို ဆွေးနွေး မေးမြန်းကြရာ ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ် တရားရေးဦးစီးမှူးတို့က ပြန်လည်ဖြေကြားကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ယခုပြုလုပ်မည့် မှုခင်း စီမံခန့်ခွဲမှုအစီအစဉ် ကျင့်သုံးမည့်လုပ်ငန်းစဉ်အဆင့်ဆင့် ကို ပြည်သူများသိရှိနိုင်ရန်အတွက် သက်ဆိုင်သည့်ဌာန များနှင့် ပူးပေါင်းညှိနှိုင်းပြီး ဆောင်ရွက်သွားကြရန် နိဂုံးချုပ် အမှာစကားပြောကြားသည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသည် ပြည်ထောင်စုတရား လွှတ်တော်ချုပ်က ရေးဆွဲသည့် တရားစီရင်ရေးဆိုင်ရာမဟာ ဗျူဟာစီမံကိန်း ၂ဝ၁၈-၂ဝ၂၂ အရ နိုင်ငံတစ်ဝန်း တရား ရုံးများတွင် ကျင့်သုံးမည့် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ကို ရခိုင်ပြည်နယ်၌ စစ်တွေခရိုင် တရားရုံးနှင့် စစ်တွေမြို့နယ် တရားရုံးတို့တွင် သြဂုတ် ၁ ရက်တွင် စတင်ကျင့်သုံးမည် ဖြစ်ရာ လုပ်ငန်းအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်တရားလွှတ်တော်မှ တရားစွဲအဖွဲ့အစည်းများ၊ တရားစီရင်ရေးနှင့် ဆက်စပ်သည့် ဌာနဆိုင်ရာများ၊ ရှေ့နေများနှင့် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း သိရ သည်။
တင်ထွန်း(ပြန်/ဆက်)

No comments:

Post a Comment