Friday, July 27, 2018

ဘဟားမားမှာ မွေးနေ့ကျင်းပခဲ့တဲ့ ဂျနီဖာလိုပက်ဇ်

Image may contain: 2 people, people smiling, people sitting and food
ပေါ့ပ်တေးသံရှင် ဂျနီဖာလိုပက်ဇ်ဟာ လတ်တလောမှာတော့ အသက် ၄၉ နှစ် ပြည့်ခဲ့ပြီဖြစ်ပါတယ်။ မွေးနေ့ပါတီပွဲကိုတော့ ဘဟားမားမှာ ချစ်သူ အဲလက်ဇ်
ရိုဒရီဂွက်ဇ်နဲ့အတူဆင်နွှဲခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ သားသမီးတွေကိုပါ အတူခေါ် သွားလေ့ရှိပြီး လတ်တလောကျင်းပခဲ့တဲ့ မွေးနေ့ပွဲမှာလည်း ကလေးတွေပါ ပါဝင် နေတာကိုလည်း တွေ့ခဲ့ရကြောင်း အီးအွန်လိုင်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက် တွေအရ သိရပါတယ်။
ဘေ့စ်ဘောကစားသမားတစ်ဦးဖြစ်သူ အဲလက်ဇ်ရိုဒရီဂွက်ဇ်က ချစ်သူနဲ့ အတူ မွေးနေ့ပွဲ ဆင်နွှဲခဲ့တဲ့အပြင် မွေးနေ့အထိမ်းအမှတ်အဖြစ် သူ့ရဲ့ လူမှုကွန်ရက် မီဒီယာတစ်ခုဖြစ်တဲ့ အင်စတာဂရမ်စာမျက်နှာပေါ်ကနေတစ်ဆင့် ဂျနီဖာလိုပက်ဇ် အတွက် ဆုတောင်းစကားတွေကိုလည်း ရေးသားဖော်ပြခဲ့တာကိုလည်း တွေ့ရပါ တယ်။ အားကစားကြယ်ပွင့်က မွေးနေ့မှာ ပျော်စရာတွေကို ဖန်တီးပေးသွားမှာ ဖြစ်ကြောင်း ထည့်သွင်းရေးသားဖော်ပြခဲ့တာကိုလည်း တွေ့ရပါတယ်။
သတင်းရင်းမြစ်တစ်ဦးရဲ့ ထုတ်ဖော်ပြောကြားချက်အရ ပေါ့ပ်ကြယ်ပွင့်တို့ မိသားစုတွေဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကမ်းခြေကို ရောက်ရှိလာခဲ့ကြတာ ဖြစ်ကြောင်း သိရပါတယ်။ ဂျနီဖာလိုပက်ဇ်ရဲ့သားသမီးတွေနဲ့ အဲလက်ဇ်ရိုဒရီ ဂွက်ဇ်ရဲ့ကလေးတွေပါ အတူလိုက်ပါလာခဲ့ကြပါတယ်။ ကလေးတွေဟာလည်း အလွန်ရင်းနှီးကြပြီး အတူလက်တွဲကာ လမ်းလျှောက်ခဲ့ရတာကို တွေ့ခဲ့ရကြောင်း သတင်းရင်းမြစ်ရဲ့ ပြောကြားချက်အရ သိရပါတယ်။
ဂျနီဖာလိုပက်ဇ်မှာ ယခင်ခင်ပွန်းဟောင်း မာ့ခ်အန်ထော်နီနဲ့ ရရှိခဲ့တဲ့ အမြွှာ ရင်သွေးလေးတွေဖြစ်ကြတဲ့ မက်ဇ်နဲ့ အမ်မီတို့ရှိကြပြီး အဲလက်ဇ်ရိုဒရီဂွက်ဇ်မှာတော့ ယခင်အိမ်ထောင်နဲ့ ရရှိခဲ့တဲ့ အသက် ၁ဝ နှစ်အရွယ်သမီးလေး အယ်လာနဲ့ ၁၃ နှစ်အရွယ်သမီးဖြစ်သူ နာတာရှာတို့ ရှိပါတယ်။
အေးပြည့်

No comments:

Post a Comment