Friday, July 27, 2018

လှိုင်သာယာမြို့နယ် အထက(၁)၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

Image may contain: 10 people, people sitting
ရန်ကုန် ဇူလိုင် ၂၆
လှိုင်သာယာမြို့နယ် အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၌ ဇူလိုင် ၂၃ ရက်မှစ၍ သုံးရက်တိုင် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီး မှူးရုံးက ဇူလိုင် ၁၈ ရက်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ (၁ဝ)နှစ်ပြည့်ပြီးသော ကျောင်းသား ကျောင်းသူ ၁၁၅ ဦးကို နိုင်ငံသားစိစစ် ရေးကတ်ပြားရရှိရန် ကွင်းဆင်းဆောင် ရွက်၍ စိစစ်လျက်ရှိပြီး ဇူလိုင် ၂၃ ရက်မှ ၂၅ ရက်ထိ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်း သား ကျောင်းသူ ၅ဝဝ ကျော်ကိုလည်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိ စေရန် ကွင်းဆင်းဆောင်ရွက်လျက်ပေး ခဲ့သည်။ ယခုနှစ်တွင် ကျောင်းသား ကျောင်းသူ ၄ဝဝဝ ခန့်အား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင် ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ယမန် နှစ်က ကျောင်းပေါင်း ၁၆ ကျောင်းမှ ကျောင်းသား ကျောင်းသူ ၁၆၈၃ ဦးကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
လှိုင်သာယာအခြေခံပညာကျောင်း များမှ ကျောင်းသား ကျောင်းသူများ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိ စေရန် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီး မှူးရုံးက ဇူလိုင် ၁၆ ရက်မှ စက်တင်ဘာ ၂၅ ရက်ထိ သတ်မှတ်ရက်အတိုင်း ကျောင်းများ ကွင်းဆင်းအဖွဲ့ ငါးဖွဲ့က ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
သစ္စာ

No comments:

Post a Comment