Friday, July 27, 2018

ကျောက်ကြီးမြို့နယ် ရေဘေးသင့်ပြည်သူများအား လှူဒါန်း

Image may contain: 6 people, people standing and outdoor
ကျောက်ကြီး ဇူလိုင် ၂၆
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကျောက်ကြီးချောင်းရေမြင့်တက်ကာ မြို့ပေါ်ရပ်ကွက် လေးရပ်ကွက်နှင့် ကျေးရွာ အုပ်စု ခြောက်အုပ်စုရှိ နေအိမ်များ ရေနစ်မြုပ်လျက်ရှိပြီး ရေဘေးသင့် အိမ်ထောင်စု ၂၄၆ စု လူဦးရေ ၁၂ဝ၇ ဦးတို့အား မြို့တွင်းကျောင်းတိုက် မိုးကုတ်ဓမ္မရိပ်သာ၊ ရွှေမင်းဝံကသစ်ဝိုင် ဓမ္မရိပ်သာ၊ မြို့ဦးဘုန်းတော်ကြီးကျောင်း တို့တွင် ရေဘေးကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားရှိကာ လွှတ်တော် ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ နယ်မြေခံတပ်ရင်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ ကြောင်း သိရသည်။
ရေဘေးသင့်ပြည်သူများအား မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌက ဆန်ခြောက်ပြည်အိတ် ၁ဝဝ၊ ဆီဘူး ၁ဝဝ၊ ငါးသေတ္တာဘူး ၁ဝဝ၊ ခေါက်ဆွဲခြောက် ငါးထုပ်ပါ အထုပ် ၁ဝဝ၊ ရေသန့်ကတ် ၁ဝဝ လှူဒါန်းခဲ့ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် စေတနာရှင်ပြည်သူများက ဆန် ၁၃ အိတ်၊ ခေါက်ဆွဲခြောက် နှစ်ဖာကို လှူဒါန်းခဲ့သည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန က ငွေကျပ် ၁၃ဝ၆၂ဝဝ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment