Sunday, July 1, 2018

နယ်လှည့်ခိုးနေသော အဖွဲ့ဝင်သုံးဦးအား ခိုးရာပါပစ္စည်းများနှင့်အတူ ဖမ်းမိ

Image may contain: one or more people

မုံရွာ ဇွန် ၃ဝ
နယ်တကာပွဲဈေးနှင့် လမ်းဘေးဈေးဆိုင်များကို ပစ်မှတ်ထား၍ ကားဖြင့် နယ်လှည့်ခိုးနေသော အဖွဲ့ဝင်သုံးဦးကို ခိုးရာပါပစ္စည်းများနှင့်အတူ မုံရွာမြို့နယ် ကျောက်ကာရွှေဂူနီဘုရား ဈေးတန်းအနီး၌ ဇွန် ၂၈ ရက် ညနေပိုင်းက ဖမ်းဆီးရမိကြောင်း မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ်ဆန်းလင်းထံမှ သိရသည်။
''နယ်ထိန်းခေါင်းဆောင် ဒုတိယရဲအုပ်တင့်လွင်ဦးနဲ့အဖွဲ့က နယ်မြေ သတင်းစုံစမ်းနေတဲ့အချိန် ကျောက်ကာရွှေဂူနီဘုရားအနီး ကျောက်ကာလမ်း ဘေးမှာ အမိုးချထားတဲ့ မသင်္ကာစရာ လိုက်ထရပ်အဖြူရောင်ယာဉ်တစ်စီးကို တွေ့တယ်၊ ကားနောက်ခန်းမှာ အဝတ်အစားအစုံနဲ့အတူ ပုဆိုးတွေ၊ ဘက်ထရီ အိုးတွေ တွေ့ပါတယ်၊ ကားပေါ်မှာရှိနေတဲ့ ကံမမြို့နယ် ဖလံခုံကျေးရွာက ကိုဇော်နိုင်၊ ကိုမိုးဆွေနဲ့ မသီတာအေးတို့ကို စစ်ဆေးမေးမြန်းတော့ အထောက် အထားခိုင်လုံစွာ မပြောနိုင်တဲ့အတွက် ရှာဖွေပုံစံနဲ့ ပစ္စည်းတွေကို သိမ်းဆည်း ခဲ့တယ်၊ အနီးစပ်ဆုံးသံသယရှိတဲ့ ကျောက်ကာ အမှတ်တရအင်္ကျီအဖြူတွေ တွေ့တော့ ကျောက်ကာရွာကိုသွားစုံစမ်းလိုက်တာ အင်္ကျီတွေပျောက်သွားတယ်၊ CCTV မှတ်တမ်းပြန်ကြည့်တော့ ကားနဲ့လာပြီး ခိုးသွားတယ်ဆိုတာ တွေ့ရ တယ်၊ သူတို့သုံးဦးနဲ့အတူ ပါဝင်တဲ့အမျိုးသမီးသုံးဦးက ထွက်ပြေးသွားတဲ့ အတွက် ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါတယ်''ဟု ရဲအုပ်ဆန်းလင်းက ရှင်းပြသည်။ နယ်လှည့်ခိုးနေသောအဖွဲ့တွင် ဖမ်းမိသော ကံမမြို့နယ် ဖလံခုံကျေးရွာမှ ကိုဇော်နိုင်၊ ကိုမိုးဆွေနှင့် မသီတာအေးတို့ကို စစ်ဆေးဖော်ထုတ် ချက်အရ ¤င်းတို့နှင့် ထွက်ပြေးတိမ်းရှောင်နေသော အမျိုးသမီးသုံးဦး စုစုပေါင်းခြောက်ဦးတို့သည် နယ်လှည့်ကာ ဘုရားပွဲဈေးဆိုင်များနှင့် လမ်းဘေး ဈေးဆိုင်များကို ပစ်မှတ်ထားခိုးယူနေခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းမိသူသုံးဦးနှင့်အတူ ဘက်ထရီအိုးအသစ်လေးလုံး၊ ဆိတ်ခွန်လုံချည် အထည်၂ဝ ခန့်၊ အမျိုးသားဝတ်ဘောင်းဘီတို၊ အမျိုးသမီးဝတ်ဇာအင်္ကျီ၊ ချည်သားလုံချည်၊ ကလေးဝတ်အင်္ကျီ၊ စွပ်ကျယ်၊ ကျောင်းစိမ်းလုံချည်၊ စင်ကြယ် ဖိနပ်၊ မီးကွေးများ၊ ပလတ်စတစ်လက်ဆွဲခြင်း၊ ပစ်တိုင်းထောင်ရုပ်များ စသည့် ပစ္စည်းတို့နှင့်အတူ လက်ကိုင်ဖုန်းလေးလုံး၊ လက်ကိုင်အိတ်သုံးလုံး အတွင်းမှာ ငွေကျပ် တစ်သိန်းသုံးသောင်းကျော်နှင့် လိုက်ထရပ်ယာဉ်တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိသော အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို စစ်မေးကာ ထွက်ပြေးလွတ်မြောက်နေသော အမျိုးသမီးသုံးဦးကို အမြန်ဆုံးဖမ်းမိရေး ဆောင်ရွက်လျက်ရှိကြောင်း မုံရွာနယ်မြေရဲစခန်းမှ သိရသည်။
မျိုးဝင်းထွန်း(မုံရွာ)

No comments:

Post a Comment