
ကဘူး ဇွန် ၃ဝ
တာလီဘန်စစ်သွေးကြွများအပေါ် အာဖဂန်နစ္စတန် အစိုးရက တစ်ဖက်သတ် သတ်မှတ်ထားခဲ့သည့် အပစ်အခတ် ရပ်စဲရေးကာလသည် ဇွန် ၃ဝ ရက်တွင် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း အာဖဂန်နစ္စတန်နိုင်ငံ သမ္မတ အာရှက်ဖ်ဂါနီက ကြေညာချက် တစ်ရပ်ထုတ်ပြန်ခဲ့ပြီးနောက် အာဖဂန် နစ္စတန်အစိုးရ လုံခြုံရေးတပ်ဖွဲ့များက တာလီဘန်တို့အား ထိုးစစ်ဆင်မှုများ ပြန်လည်စတင်ခဲ့ကြောင်း အေအက်ဖ်ပီ သတင်းတွင် ဖော်ပြသည်။
အာဖဂန်နစ္စတန်အစိုးရက သတ်မှတ် ခဲ့သော အပစ်အခတ်ရပ်စဲရေးကာလ သည် ၁၈ ရက်မျှ ကြာမြင့်ခဲ့ပြီး တာလီဘန်အဖွဲ့ အိ(ဒ်)ကာလအတွင်း သုံးရက်တာ အပစ်အခတ် ရပ်စဲရေး အပေါ် ထပ်ဆောင်းသတ်မှတ်ကာ တစ်ကြိမ်သက်တမ်းတိုးခဲ့ကြောင်း၊ ယင်းလုပ်ဆောင်ချက်မှာ ၉၈ ရာခိုင် နှုန်းခန့် အောင်မြင်မှုရရှိခဲ့ကြောင်း အာဖဂန်နစ္စတန်သမ္မတ အာရှက်ဖ်ဂါနီ က ပြောကြားသည်။
ယခုအခါတွင် သတ်မှတ်ထားသည့် အပစ်အခတ်ရပ်မှုပြီးဆုံးသွားပြီဖြစ်ရာ အာဖဂန်နစ္စတန်လုံခြုံရေးတပ်ဖွဲ့များနှင့် ကာကွယ်ရေးတပ်ဖွဲ့များ အနေဖြင့် ¤င်းတို့၏ စစ်ဆင်ရေးများ ပြန်လည်စတင်ရန်ခွင့်ပြုလိုက်ပြီဖြစ် ကြောင်း သမ္မတက ပြောကြားသည်။
တာလီဘန်တို့က တစ်ဖက်သတ် သတ်မှတ်သော အပစ်အခတ်ရပ်စဲရေး ကာလဖြစ်သည့် သုံးရက်အတွင်း ၁၇ နှစ်နီးပါးကြာမျှ စစ်ပွဲဖြင့် ပင်ပန်း နွမ်းနယ်နေသည့် အာဖဂန်နစ္စတန် နိုင်ငံတစ်ဝန်းလုံးတွင် မကြုံစဖူး ထူးကဲစွာ တိုက်ခိုက်မှုများ လုံးဝ ဖြစ်ပွားခြင်း မရှိခဲ့ပေ။
အေအက်ဖ်ပီ
No comments:
Post a Comment