Friday, July 27, 2018

စက်မှုဝန်ကြီးဌာနက လူနာတင်ယာဉ် ၅၅ စီးကို ပထမဆုံးအကြိမ်တပ်ဆင်ထုတ်လုပ်

Image may contain: 1 person, indoor
ရန်ကုန် ဇူလိုင် ၂၆
ပြည်တွင်းရှိ ကျန်းမာရေးစောင့်ရှောက်မှုခံယူ သူများအဆင်ပြေစေရန် စက်မှုဝန်ကြီးဌာန အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်းက ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနအတွက် တိုယိုတာအမျိုးအစား လူနာတင်ယာဉ် ၅၅ စီးကို ပထမဆုံးအကြိမ်အဖြစ် တပ်ဆင်ထုတ် လုပ်လိုက်ပြီဖြစ်သည်။
၂ဝ၁၇ ခုနှစ်က စက်မှုဝန်ကြီးဌာနက တင်ဒါအောင်မြင်ခဲ့သောကြောင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနအတွက် လူနာတင်ယာဉ် ၅၅ စီးကို ရေတာရှည်မြို့နယ် သာဂရနယ်မြေရှိ မြေသယ်ယာဉ်များ၊ စက်ယန္တရားယာဉ်ကြီးများ ထုတ်လုပ်သော အမှတ်(၁၅)အကြီးစားစက်ရုံ၌ တပ်ဆင်ထုတ် လုပ်ခြင်းဖြစ်ပြီး လူနာတင်ယာဉ်တစ်စီး၏ တန်ဖိုးမှာ ငွေကျပ်သိန်း ၇၄ဝ ရှိကြောင်းနှင့် ယာဉ်အာမခံမှုအတွက် တစ်နှစ်အာမခံ ပေးထားကြောင်း၊ သာမန်အားဖြင့် ရောင်းချ ဈေးနှုန်းမြင့်မားနေသည်ဟု ထင်ရသော်လည်း အဆိုပါ လူနာတင်ယာဉ်မှာ ၂ဝ၁၇ ခုနှစ်Hiace Komputer မော်ဒယ်အသစ် အမျိုးအစားဖြစ်ပြီး ဒီဇယ်အင်ဂျင် အမျိုး အစားဖြစ်ကာ ယာဉ်မောင်းနှင်ရာတွင် ဘယ် မောင်းဖြစ်ကြောင်း၊ (Trimming Parts)ဖြစ်သော ယာဉ်ဘေးတစ်ချက်ရှိ ဆိုက်ကာဘာ များ၊ အမိုးများ၊ မျက်နှာကြက်များ၊ ဗီရိုများနှင့် သူနာပြုထိုင်သည့်ခုံများအား လူနာတင်ယာဉ် နှင့်ကိုက်ညီစေရန် စက်မှုဝန်ကြီးဌာနမှ ကျွမ်းကျင်သူများနှင့် တူရကီနိုင်ငံမှ ပညာရှင်များပူးပေါင်း၍ ဒီဇိုင်းပုံစံအသစ် ပြန်လည်ရေးဆွဲပြီးTrimming Partsအားလုံး ကို စံချိန်မီအရည်အသွေးဖြစ်စေရန်အတွက်တူရကီနိုင်ငံသို့ ပေးပို့ထုတ်လုပ်ကာ ပြည်တွင်း၌ ပြန်လည်တပ်ဆင်ထားခြင်းဖြစ် ကြောင်း၊ ယာဉ်မတော်တဆမှု ဖြစ်ပွားပါက လူနာဘေးအန္တရာယ် ကင်းဝေးစေရန်အတွက် တီထွင်ထုတ်လုပ်ထားကြောင်း စက်မှုဝန်ကြီး ဌာနမှ သိရသည်။
စက်မှုဝန်ကြီးဌာန မြန်မာ့စီးပွားရေး လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကိုကိုအောင်က ''လူနာတင်ယာဉ်ကို စက်မှုဝန်ကြီးဌာနက ထုတ်လုပ်ထားတယ်ဆို ပေမယ့်အကောင်းဆုံးဖြစ်တယ်လို့တော့ မဆို လိုပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ စက်ရုံကြီး မှာ စက်ပစ္စည်းတွေရှိပြီး ကျွမ်းကျင် နည်းပညာရှင်တွေလည်း ရှိနေတာဆိုတော့ သာမန်အားဖြင့် ပုဂ္ဂလိကတစ်ဦးတစ်ယောက် က ထုတ်လုပ်ထားတာထက်စာရင် ပိုမို ကောင်းမွန်ပါတယ်။ ကျွန်တော်တို့ဌာနအနေနဲ့ တိုယိုတာယာဉ်ကို လူနာတင်ယာဉ်အဖြစ် ထုတ်လုပ်ဖို့ ဘာကြောင့်ရွေးချယ်ဖြစ်သလဲ ဆိုတော့ တိုယိုတာယာဉ်တွေမှာ တပ်ဆင်ထား တဲ့ စက်ပစ္စည်းတွေဟာ ဝယ်ယူရလွယ်ပြီး စက်ပြင်ဆရာတွေအတွက်လည်း စက်ပြင် ဆောင်ရွက်ရာမှာ လွယ်ကူစေလို့ရွေးချယ်ဖြစ် တာဖြစ်ပါတယ်။ ပြည်သူတွေကလည်း တိုယိုတာပစ္စည်းဆို ကြိုက်နှစ်သက်ကြပါတယ်''ဟု လမ်းမတော် မြို့နယ် မင်းရဲကျော်စွာလမ်းရှိ UMFCCI ၌ ဇူလိုင် ၂၆ ရက်တွင် ပြုလုပ်ခဲ့သော လူနာတင်ယာဉ်မိတ်ဆက်ခြင်း အခမ်းအနားတွင် ပြောကြားသည်။
အဆိုပါ လူနာတင်ယာဉ်အတွင်းလူနာတင်ဆောင်သည့်အခါ၌ သွေးထွက်လွန်သူ များ၊ အညစ်အကြေးပေနေသူများ၊ ရောဂါ အမျိုးမျိုးနှင့် ကူးစက်ရောဂါများ ပါဝင်နိုင် သောကြောင့် နိုင်ငံတကာအဖွဲ့အစည်းဖြစ် သည့် CAS အဖွဲ့အစည်းက သတ်မှတ်ထားသည့် အတိုင်း အညစ်အကြေးများ ဆေးကြောမှု လွယ်ကူစေရန်နှင့် ရောဂါပိုးမွှားများခိုအောင်း မှုမဖြစ်စေရေးအတွက် စနစ်တကျဖြစ်စေရန် စံနှုန်းအတိုင်း ဆောင်ရွက်ထားကြောင်း၊ လူနာတင်ယာဉ်အတွင်း အထူးသဖြင့် လူနာ များအတွက် နှလုံးနှိုးဆွစက်၊ အချွဲစုပ်စက်၊ သွေးကြောသွင်းဆေးရည်များ ထိုးသွင်းနိုင် သည့် ပစ္စည်းကိရိယာအပါအဝင် စုစုပေါင်း တပ်ဆင်ထားသည့် ဆက်စပ်ပစ္စည်းကိရိယာ ၄၁ မျိုးပါဝင်ပြီး အဆင့်မြင့် ပစ္စည်းကိရိယာ များ ထပ်မံတပ်ဆင်နိုင်သေးကြောင်း၊ ဈေးနှုန်း ကိုသုံးစွဲသူလိုအပ်ချက်နှင့်အညီ အသင့်လျော် ဆုံး ညှိနှိုင်းထုတ်လုပ်ပေးနိုင်ကြောင်း၊ ဈေးနှုန်း သက်သာသည့် အခြားနိုင်ငံထုတ်ယာဉ် မှာယူလိုပါက ဌာနအနေဖြင့် တပ်ဆင်ထုတ် လုပ်ပေးမည်ဖြစ်ကြောင်း၊ ပစ္စည်းကိရိယာများ အတွက်လည်း ဈေးနှုန်းသက်သာသော မည်သည့် နိုင်ငံထုတ် ပစ္စည်းကိရိယာမဆို မှာယူတပ်ဆင်ခိုင်းပါက ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့အစည်းများအပါအဝင် စိတ်ဝင် စားသည့်မည်သည့်အဖွဲ့အစည်းမဆို မှာယူပါ က တပ်ဆင်ထုတ်လုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအနေအထားအရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအတွက် တပ်ဆင် ထုတ်လုပ်ပေးသော်လည်း မှာယူသူများ ရှိပါက ထပ်မံတပ်ဆင်ထုတ်လုပ်ပေးမည်ဖြစ် ကြောင်း၊ ပြည်ပမှတိုက်ရိုက်တင်သွင်းသည့် လူနာတင်ယာဉ်များရှိနေသော်လည်း များ သောအားဖြင့် မော်တော်ယာဉ်ထုတ်လုပ် သည့်ကုမ္ပဏီများမှာ လူနာတင်ယာဉ်အနေဖြင့် မထုတ်လုပ်ဘဲ တိုယိုတာယာဉ်အမျိုးအစား ကိုသာ လူနာတင်ယာဉ်အဖြစ် Version ပြောင်းလိုက်ခြင်းရှိကြောင်းနှင့် CAS အဖွဲ့ အစည်းက သတ်မှတ်ထားသည့် စံချိန်၊ စံနှုန်း အတိုင်းပြည့်စုံပါက အဆိုပါ လူနာတင်ယာဉ် ကို နိုင်ငံတကာကဲ့သို့ အသုံးပြုနိုင်ကြောင်းနှင့် အဓိကအနေဖြင့် ပြည်တွင်းမှ ဝယ်ယူသုံးစွဲသူ များအတွက်သာ လူနာတင်ယာဉ်ကိုတပ်ဆင် ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း စက်မှုဝန်ကြီး ဌာနမှ သိရသည်။
သတင်း-ပွင့်သစ္စာ
ဓာတ်ပုံ-အေးမင်းသူ

No comments:

Post a Comment