Tuesday, July 3, 2018

အရှေ့တောင်အာရှ မူလတန်းအဆင့်ကလေးများ၏သင်ယူမှုကို လေ့လာအကဲဖြတ်ခြင်းသုတေသနလုပ်ငန်းဆောင်ရွက်ခြင်းဆိုင်ရာ မိတ်ဆက်ဆွေးနွေးပွဲ အခမ်းအနားကျင်းပ

Image may contain: one or more people, people sitting and indoor
နေပြည်တော် ဇူလိုင် ၂
အရှေ့တောင်အာရှ မူလတန်းအဆင့်ကလေးများ၏ သင်ယူမှုကို လေ့လာအကဲဖြတ်ခြင်း သုတေသနလုပ်ငန်း ဆောင်ရွက်ခြင်းဆိုင်ရာ မိတ်ဆက်ဆွေးနွေးပွဲ အခမ်းအနား ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အရှေ့တောင်အာရှ မူလတန်းအဆင့်ကလေးများ၏ သင်ယူမှုကို လေ့လာအကဲဖြတ်ခြင်း(South-East Asia Primary Learning Metrics-SEA-PLM)ကို အကောင် အထည်ဖော်ခြင်းသည် အရှေ့တောင်အာရှ ဝန်ကြီးများ အဖွဲ့ အဖွဲ့ဝင်နိုင်ငံများ၏ ရင်းနှီးခင်မင်စွာအတူတကွ ပူးပေါင်းဆောင်ရွက်ရသည့် လုပ်ငန်းရလဒ်တစ်ခုဖြစ်ပါ ကြောင်း၊SEA-PLM သည် ဒေသအလိုက် ပညာရေးစနစ် များအကြား သင်ယူမှုအကဲဖြတ်ခြင်းနှင့် စံနှုန်းများအပေါ် တွင်အခြေခံကာ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက် ခြင်းအားဖြည့်ရန်နှင့် သင်ယူတတ်မြောက်မှု စွမ်းဆောင်ရည်မြှင့်တင်ခြင်းများကို အထောက်အကူပြုမည်ဖြစ် ကြောင်း၊ SEA-PLM အကဲဖြတ်မှုသည် ပညာရေး ဝန်ကြီးဌာနအတွက် ပညာရည်စစ်ဆေးအကဲဖြတ်မှု၊ ဆရာ အတတ်ပညာနှင့် ကျောင်းစီမံခန့်ခွဲမှုအပါအဝင် ပညာရေး စနစ်တစ်ခုလုံး အရည်အသွေး ပိုမိုမြင့်မားလာအောင် ဆောင်ရွက်ရာတွင် အထောက်အပံ့ဖြစ်စေပြီး Sustainable Development Goal-4 ၏အရှိန်အဟုန်ကို မြှင့်တင်ရန် အညွှန်းကိန်းများ ပြည့်မီရန်လည်း ပံ့ပိုးပေးပါကြောင်း။
ပညာရေးဝန်ကြီးဌာနအနေဖြင့် နှစ်ပေါင်းများစွာ ကျင့်သုံးနေသည့် အလွတ်ကျက်မှတ်မှု လျှော့ချရေး ဆောင် ရွက်ရာတွင် တစ်နှစ်တစ်တန်းအောင်လျှင်ပြီးရော စနစ်မျိုး မဟုတ်ဘဲ တတိယတန်း ကျောင်းသား ကျောင်းသူအားလုံး ကို အခြေခံ အရေး၊ အဖတ်၊ အတွက် တတ်ကျွမ်းအောင် စနစ်တကျသင်ကြားကာ အကဲဖြတ်ဆောင်ရွက်နေပါ ကြောင်း၊ ကျောင်းသား ကျောင်းသူများအား လူသားကောင်း များဖြစ်စေရေး၊ အများနှင့်ပူးပေါင်းဆောင်ရွက်တတ် စေရေး၊ တာဝန်ယူ တာဝန်ခံဆောင်ရွက်တတ်စေရေးနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိစေရေးတို့ကို ပြုစုပျိုးထောင် သင်ကြား ပေးရာတွင် ပညာရေးမိသားစုစိတ်ဖြင့် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ UNICEF မှ Education Section Chief, Ms. Mitsue Uemura က အမှာစကားပြောကြား သည်။
ထို့နောက် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ထိုက်က SEA-PLM လုပ်ငန်းစဉ်နှင့် ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလတွင် ဆောင်ရွက် ပြီးစီးခဲ့သောField Trialနှင့် ပတ်သက်သည့်လုပ်ငန်းများ ကို အကျဉ်းချုပ်တင်ပြသည်။
ယင်းနောက်f UNICEF မှ Education Specialist ဦးအေးမြင့်သန်းဌေးက ဆက်လက်ဆောင်ရွက်မည့် Main Survey Planနှင့် ပတ်သက်သော ဒေသဆိုင်ရာ အခြေ အနေများကိုလည်းကောင်း၊ ပညာရေးသုတေသနစီမံကိန်း နှင့် လေ့ကျင့်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေး မှူး ဒေါက်တာအေးသီတာစိုးက SEA-PLM- Main Surveyဇန်နဝါရီ ၂ဝ၁၉ နှင့်ပတ်သက်သည့် လုပ်ငန်း အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြ ကြသည်။
ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည် များကိုဆွေးနွေးမေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများ က ပြန်လည်ဆွေးနွေးဖြေကြားသည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်မှ တာဝန်ရှိသူများ၊ ပညာရေးတက္ကသိုလ်၊ ပညာရေးကောလိပ်များမှ ပါမောက္ခ ချုပ်များနှင့် ဆရာ ဆရာမများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပညာရှင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူ များ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment