Tuesday, July 3, 2018

မြင်းခြံတွင် မီးရထားနှင့် ထော်လာဂျီ တိုက်မှုဖြစ်၊ တစ်ဦးဒဏ်ရာရ

Image may contain: one or more people, people standing, tree, outdoor and nature
မြင်းခြံ ဇူလိုင် ၂
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ်(၂ဝ)ရပ်ကွက် မီးရထားသံလမ်းကူးတွင် ဇူလိုင် ၂ ရက်က မီးရထားနှင့် ထော်လာဂျီ တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မန္တလေးဘူတာကြီးမှ ထွက်ခွာလာသော အမှတ်(၁၁၈) အစုန်ရထားသည် ရွာကြီးဘူတာနှင့် မြင်းခြံဘူတာအကြားရှိ မြင်းခြံမြို့ အမှတ်(၂ဝ)ရပ်ကွက် မီးရထားသံလမ်းကူးတွင် ဦးနိုင်ဦး မောင်းနှင်လာသော ပြောင်းဖူးရိုးတင် ထော်လာဂျီဖြင့် ဝင်ရောက်တိုက်မိခြင်းဖြစ်သည်။
မီးရထားနှင့် ထော်လာဂျီတိုက်မှုကြောင့် မီးရထားစက်ခေါင်းရှေ့ခြမ်း ဝဲဘက်ရှိ မီးသီးနှင့် ယာဘက်ရှိ မီးသီးနှစ်လုံးကွဲကြေခြင်း၊ ကာတာပလင် ယာဘက်ခြမ်း ကျိုးကြေပျက်စီးသွားသည်။ ထော်လာဂျီမှာ ခေါင်းပိုင်းကျိုးကြေပြီး ယာဉ်မောင်း ဦးနိုင်ဦးတွင် ဝဲဘက်နားထင် ပွန်းပဲ့ဒဏ်ရာ၊ ဝဲဘက်ခါး နာကျင် ဒဏ်ရာ၊ ယာဘက်ဒူးခေါင်း ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့သည်။
အဆိုပါ မီးရထားနှင့် ထော်လာဂျီတိုက်မှုတွင် ပေါ့ဆစွာ ထော်လာဂျီ မောင်းနှင်သော မြင်းခြံမြို့နယ် လှိုင်းတက်ကျေးရွာနေ ယာဉ်မောင်း ဦးနိုင်ဦး အား မြင်းခြံမြို့မရဲစခန်းက အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
ဇော်မင်းနိုင်(မြင်းခြံ)

No comments:

Post a Comment