Wednesday, July 4, 2018

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မဟာဗျူဟာစီမံကိန်းနှင့် စပ်လျဉ်း၍နိုင်ငံရေးပါတီများနှင့် သုံးသပ်ဆွေးနွေးပွဲ ကျင်းပ

Image may contain: one or more people, people on stage, crowd, wedding and indoor
ရန်ကုန် ဇူလိုင် ၃
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၏ မဟာဗျူဟာစီမံကိန်း (၂ဝ၁၉- ၂ဝ၂၂ ) နှင့်စပ်လျဉ်း၍ နိုင်ငံရေးပါတီ များနှင့် သုံးသပ်ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ Park Royalဟိုတယ်၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ International Foundation for Electoral Systems (IFES) မှ တာဝန်ရှိသူများ၊ နိုင်ငံရေး ပါတီ ၈၁ ပါတီမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ယနေ့ကျင်းပသည့် ဆွေးနွေးပွဲသည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ မဟာ ဗျူဟာစီမံကိန်း(၂ဝ၁၉-၂ဝ၂၂)အပေါ် နိုင်ငံရေးပါတီများအနေဖြင့် အကြံပြု ဆွေးနွေးနိုင်ရန် ကျင်းပခြင်းဖြစ် ကြောင်း၊ ယမန်နေ့က အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် သုံးသပ်ဆွေးနွေး ပွဲကိုလည်း ကျင်းပခဲ့ကြောင်း၊ ၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အတွက် ယခု(၂ဝ၁၉-၂ဝ၂၂) မဟာ ဗျူဟာစီမံကိန်းကို ရေးဆွဲထားရှိ ကြောင်း၊ ၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက်လည်း မဟာဗျူဟာ စီမံကိန်း(၂ဝ၁၃-၂ဝ၁၈)ကို ရေးဆွဲ ဆောင်ရွက်ခဲ့ကြောင်း၊ ယခုရေးဆွဲ ထားသည့် မဟာဗျူဟာစီမံကိန်းတွင် အခန်း ၁၁ ခန်းပါဝင်ပြီး ယခင် ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲ များနှင့် ယနေ့ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်အလိုက် အားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်းများ၊ အခက်အခဲများကိုသုံးသပ်၍ ပွင့်လင်း မြင်သာမှု၊ လွတ်လပ်တရားမျှတမှုတို့ အပေါ် အခြေခံရေးဆွဲထားပါကြောင်း၊ ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲ များသည် မရှိမဖြစ် ရှိနေမည်ဖြစ်ပြီး ထိုရွေးကောက်ပွဲများ အောင်မြင်ရန် အတွက် ကော်မရှင်တစ်ခုတ
ည်း ဆောင်ရွက်၍မရကြောင်း၊ နိုင်ငံရေး ပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း များ၊ ရွေးကောက်ပွဲနှင့် သက်ဆိုင်သူ များနှင့် ပြည်သူလူထုကပါ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် လိုအပ် ကြောင်း၊ အားလုံးပါဝင်မှုမြှင့်တင်ရေး၊ မဲစာရင်း မှန်ကန်ရေး၊ ပြည်သူလူထု အသိပညာပေးခြင်း၊ နိုင်ငံရေးပါတီ များနှင့် လွှတ်တော်ကိုယ်စားလှယ် လောင်းဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံ ရေးပါတီများအနေဖြင့် တစ်တပ် တစ်အား ပါဝင်ကူညီဆောင်ရွက်ပေး စေလိုကြောင်း၊ ကော်မရှင်၏ မဟာ ဗျူဟာစီမံကိန်းအပေါ်ကိုလည်း ပိုမို ကောင်းမွန်အောင် သုံးသပ်ဆွေးနွေးအကြံပေးစေလိုကြောင်း ပြောကြား သည်။
ယင်းနောက်IFES မှ Country Director Mr. Paul Guerin OBE က ဆွေးနွေးပွဲ အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက် လာသောနိုင်ငံရေးပါတီများက အဖွဲ့ ခြောက်ဖွဲ့ခွဲ၍ မဟာဗျူဟာစီမံကိန်း အပေါ် အခန်းအလိုက် ဆွေးနွေး အကြံပြုခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်

No comments:

Post a Comment