Friday, July 27, 2018

အင်္ဂလန်ဂိုးသမားဟောင်း ရော့ဘ်ဂရင်းကို ချယ်လ်ဆီးအသင်း စာချုပ်ခေါ်ယူ

Image may contain: 1 person, smiling, text
ချယ်လ်ဆီးအသင်းသည် အသက် ၃၈ နှစ်အရွယ်ရှိ အင်္ဂလန်ဂိုးသမားဟောင်းတစ်ဦးဖြစ်သည့် ရော့ဘ်ဂရင်းကို တစ်နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ချုပ်ဆိုကာ ခေါ်ယူလိုက် ပြီဖြစ်ကြောင်း သိရသည်။
ဂိုးသမား ရော့ဘ်ဂရင်းသည် ပြီးခဲ့သည့်ဘောလုံးရာသီ က ပထမအသင်းတွင် မကစားခဲ့ရခြင်းကြောင့် ဟက်ဒါ ဖီးလ်အသင်းမှ ထွက်ခွာကာ အလွတ်ပြောင်းရွှေ့ကြေး ဖြင့် ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ် သည်။
ရော့ဘ်ဂရင်းသည် အင်္ဂလန်လက်ရွေးစင်အသင်းနှင့် အတူ ကစားခဲ့သည့် ၁၂ ပွဲအပါအဝင် နော့ဝှစ်ခ်ျအသင်း၊ ဝက်စ်ဟမ်းအသင်း၊ ကျူပီအာအသင်းနှင့် လိဒ်စ်အသင်း တို့တွင် စုစုပေါင်း ပွဲပေါင်း ၆၅ဝ အထိပါဝင်ကစားပေးခဲ့ သူဖြစ်သည်။
ချယ်လ်ဆီးအသင်းအနေဖြင့် ရော့ဘ်ဂရင်းကို ခေါ်ယူ ခဲ့ခြင်းမှာ လက်ရှိဂိုးသမား ကော်တိုရစ်အား အထောက် အကူဖြစ်စေရန် ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဂိုးသမား ရော့ဘ်ဂရင်းသည် ချယ်လ်ဆီးအသင်း၏ အခုအပြောင်းအရွှေ့ကာလအတွင်း ခေါ်ယူခဲ့သည့် ဒုတိယ မြောက်ကစားသမားဖြစ်ပြီး ချယ်လ်ဆီးအသင်းမှာ ယခင်က အီတလီကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုကိုလည်း ခေါ်ယူထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ချယ်လ်ဆီးအသင်း၌ ဂိုးသမားသုံးဦးရှိနေ ပြီဖြစ်ပြီး ကော်တိုရစ်၊ ရော့ဘ်ဂရင်း၊ ကာဘယ်လီရိုတို့ရှိနေ ပြီး ကော်တိုရစ်မှာ ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ မည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။
ထိုသို့ ဂိုးသမားကော်တိုရစ် အသင်းမှ ထွက်ခွာသွား မည်ဆိုပါက ချယ်လ်ဆီးအသင်း၏ နံပါတ်တစ်ဦးစားပေး ကစားသမားနေရာအတွက် ထပ်မံရွေးချယ်ရဦးမည်ဖြစ် ကြောင်းသိရသည်။
ငွေကြယ်

No comments:

Post a Comment