Friday, July 27, 2018

စိုက်ပျိုးရေးဦးစီးဌာနခြံများ၏ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများ ဆွေးနွေး

Image may contain: 2 people, people sitting, crowd and indoor
နေပြည်တော် ဇူလိုင် ၂၆
မျိုးစေ့ဆိုင်ရာ ထောက်ခံချက်လက်မှတ်များထုတ်ပေးရာ တွင် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်း စံနှုန်းများ နှင့် ညီညွတ်ပါက နှောင့်နှေးကြန့်ကြာမှုမရှိဘဲ အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်ပေးရန်နှင့် ဓာတ်ခွဲခန်းအားလုံး တူညီသောနည်းစနစ်ကိုသာ အသုံးပြုစစ်ဆေးရန်လိုအပ် ကြောင်း ဇူလိုင် ၂၅ ရက်က နေပြည်တော် ရုံးအမှတ် ၄၃ တွင်ကျင်းပသော မျိုးစေ့ဌာနခွဲနှင့် ဥယျာဉ်ခြံ ဟင်းသီး ဟင်းရွက်နှင့် အပင်ဇီဝဌာနခွဲတို့ ပူးပေါင်း၍ ခြံများ၏ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ပထမသုံးလပတ်လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း ဆိုင်ရာများ ညှိနှိုင်းဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ဆွေးနွေး ပြောကြားသည်။
ဆွေးနွေးပွဲသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ စိုက်ပျိုးရေးဦးစီးဌာနခြံများမှ ခြံတာဝန်ခံများ တက်ရောက် ဆွေးနွေးကြသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်က မျိုးစေ့ထုတ်လုပ် နေသော ဌာနခြံများအနေဖြင့် စပါးတစ်မျိုးတည်းကို အဓိကမထားဘဲ အခြားသီးနှံ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများ ကိုလည်း အရည်အသွေးကောင်းမျိုးစေ့ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။
တိုးချဲ့ပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများအား ထိရောက်စွာအသုံးပြုပြီး ဌာန၊ ပုဂ္ဂလိကနှင့် လူမှုအဖွဲ့ အစည်းအတွင်း သတင်းအချက်အလက်များ လျင်မြန်စွာ ဝေငှနိုင်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် ဆွေးနွေး ပြောကြားကြောင်း သိရသည်။
အောင်မိုး(စိုက်ပျိုးရေး)

No comments:

Post a Comment