Friday, July 27, 2018

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး ICJ အဖွဲ့မှ ဥပဒေအကြံပေး Mr. Sean Bain ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Image may contain: 6 people, people sitting, table and indoor 
နေပြည်တော်   ဇူလိုင်   ၂၆
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး သည် ယနေ့မွန်းလွဲ ၃ နာရီခွဲတွင်In-ternational Commission    of Jurists(ICJ) အဖွဲ့မှ ဥပဒေအကြံပေးMr. Sean Bainဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စု ရှေ့နေချုပ်ရုံးရှိ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။
ထိုသို့တွေ့ဆုံစဉ်   ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏   တရားဥပဒေစိုးမိုးရေး ဆီသို့ ဟူသည့်   မဟာဗျူဟာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ ဥပဒေအရာရှိကျင့်ဝတ်၊ မျှတသော တရားစီရင်ရေးများစာအုပ်၊       စာချုပ် စာတမ်းများ စိစစ်ခြင်းဆိုင်ရာလမ်းညွှန် ချက်တို့ကို ထုတ်ပြန်နိုင်မှုနှင့် ယင်းတို့အား အကောင်အထည်ဖော်မည့် လုပ်ငန်းများ တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေ အနေများ၊   ဥပဒေရေးဆွဲရေးလက်စွဲ ထုတ်ပြန်နိုင်ရေးအတွက်   ဆောင်ရွက် ချက်များ၊    တရားဥပဒေစိုးမိုးရေးဌာန နှင့်   တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့နှင့် အဖွဲ့ခွဲများ ၏     လုပ်ငန်းဆောင်ရွက်ချက်များ၊ လွတ်လပ်၍   ဘက်လိုက်မှုကင်းရှင်းပြီး လှူအခွင့်အရေးကိုလေးစားသည့် တရားစွဲ နှင့်  အမှုလိုက်လုပ်ငန်းစနစ်   ဖွံ့ဖြိုးလာ ရေးစသည်တို့ကို  ရင်းနှီးစွာဆွေးနွေးကြ သည်။
ဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်နှင့်  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာဦးတို့ တက်ရောက်ကြ ကြောင်း သတင်းရရှိသည်။   သတင်းစဉ်

No comments:

Post a Comment