Wednesday, July 4, 2018

နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် ထာဝရငြိမ်းချမ်းရေးစေတီတော်အတွက် အလှူငွေပေးအပ်

Image may contain: 11 people, people smiling, indoor
နေပြည်တော် ဇူလိုင် ၃
နေပြည်တော် ကံ့ကော်ပန်းအဝိုင်းအနီးတွင် တည်ထား ကိုးကွယ်မည့် ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ဆောက်ရေးအတွက် အလှူငွေပေးအပ်ပွဲ အခမ်း အနားကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု)၌ ယနေ့ မွန်းလွဲပိုင်းက ကျင်းပရာ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ပါရမီဖြည့်ဘက် ညီအစ်မများအဖွဲ့က စေတီတော်တည်ဆောက်ရေးအတွက် အလှူတော် ငွေကျပ် သိန်း ၂ဝ ကို ပေးအပ်လှူဒါန်းရာ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက လက်ခံရယူပြီး ကျေးဇူးတင် စကား ပြန်လည်ပြောကြားကာ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်

No comments:

Post a Comment