Wednesday, July 4, 2018

မိတ္ထီလာမြို့နယ်၌ စစ်ကျန်ဗုံးသီးဟောင်း ၁၁ လုံး တွေ့ရှိ

Image may contain: food
မိတ္ထီလာ ဇူလိုင် ၃
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ မြို့နယ် တောမကျေးရွာအုပ်စု ချောက်ပင်ကျေးရွာ၌ ယနေ့နံနက် ၁ဝ နာရီခွဲက မှိုရှာရန် မြေတူးရာ မှ စစ်ကျန်ဗုံးသီးဟောင်း ၁၁ လုံး တွေ့ရှိခဲ့ကြောင်း သိရသည်။
တောမကျေးရွာအုပ်စု ချောက်ပင် ကျေးရွာနေ ကိုကျော်သူ ၃၉ နှစ် သည် နေအိမ်ခြံဝင်းအနောက်ဘက် ခြံစည်းရိုးအနီးတွင် မှိုရှာရန် မြေ တူးစဉ် မြေအနက် တစ်ပေခန့် အရောက် အရှည် ၁၄ လက်မ၊ လုံးပတ် ငါးလက်မခန့်ရှိ ဒလက် ခြောက်ခုပါ စစ်ကျန်ဗုံးသီးဟောင်း ၁၁ လုံးကို တွေ့ရှိခဲ့သည်။
အဆိုပါ စစ်ကျန်ဗုံးသီးဟောင်း ၁၁ လုံးကို မိတ္ထီလာမြို့ နယ်မြေခံ အင်ဂျင်နီယာတပ်သို့ အမှတ်(၂)နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် ဇော်ဝင်းဦးစီးသောအဖွဲ့က စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရ သည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)

No comments:

Post a Comment