Tuesday, July 31, 2018

ဂျပန်အနောက်ပိုင်းတွင် တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်၂၄ ဦး ထိခိုက်ဒဏ်ရာရ

Image may contain: sky, tree and outdoor
အိုဆာကာ ဇူလိုင် ၃ဝ
တိုင်ဖုန်းမုန်တိုင်း 'ဂျောင်ဒါရီ' သည် ဂျပန် နိုင်ငံအနောက်ပိုင်း ဟွန်ရှူးကျွန်းတောင်ပိုင်း ဒေသကို ဖြတ်သန်းတိုက်ခတ်ခဲ့ပြီးနောက် အားပျော့သွားကာ ယင်းနိုင်ငံ၏တောင်ဘက် အစွန်ဆုံးရှိ အဓိကကျွန်းကြီးဖြစ်သည့် ကျူရှူး ကျွန်းအနောက်ပိုင်းသို့ ဇူလိုင် ၂၉ ရက်တွင် ဆက်လက်ဝင်ရောက်ခဲ့ကြောင်း၊ မုန်တိုင်း တိုက်ခတ်မှုကြောင့် လူ ၂၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ မုန်တိုင်း
တိုက်ခတ်ပြီးနောက် ဂျပန်ပင်လယ်ကမ်းခြေရှိ ဟိုကူရီကူဒေသတွင် ၄ဝ ဒီဂရီ ဆဲလ်စီးယပ်စ် နီးပါးအထိ အပူချိန်မြင့်တက်ခဲ့ကြောင်း ကျိုဒို သတင်းဌာနက သတင်းထုတ်ပြန်သည်။
အာဏာပိုင်များက အစောပိုင်းတွင် ကြိုတင်ကာကွယ်မှုအဖြစ် ဒေသခံများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အကြံပြု တိုက်တွန်းခဲ့သည်။ လွန်ခဲ့သည့်လအတွင်းက ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများ ဆိုးဆိုး ရွားရွားကြုံတွေ့ခဲ့ရသည့် အဆိုပါဒေသတွင် တိုင်ဖုန်းမုန်တိုင်း ဂျောင်ဒါရီတိုက်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှုနှင့်ပျက်စီးဆုံးရှုံးမှု သတင်း များ လတ်တလော ထွက်ပေါ်လာခြင်းမရှိသေး ပေ။
မြေပြို
တိုင်ဖုန်းမုန်တိုင်းနှင့်အတူ ဇူလိုင် ၂၉ ရက် နံနက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှု များဖြစ်ပေါ်ခဲ့ပြီး အိုင်စီနှင့်မိုင်အီစီရင်စုများ၌ မြေပြိုမှုများ ဖြစ်ပေါ်ခဲ့သည်။
မြင့်မားသော တောင်တန်းများပေါ်သို့ ဖြတ်သန်းပြီးနောက် စိုစွတ်သောလေထုမှာ ပူနွေးမှုနှင့်ခြောက်သွေ့မှုများ ဖြစ်ပေါ်လာပြီး ဟိုကူရီကူဒေသတွင် အပူချိန် ၄ဝ ဒီဂရီ ဆဲလ် စီးယပ်စ်အထိ မြင့်တက်စေခဲ့သည်။
ကျူရှူးကျွန်းတွင် မုန်တိုင်းကြောင့် ထိခိုက် ဒဏ်ရာရသူ ၂၄ ဦးရှိကြောင်း၊ ၎င်းတို့အနက် အချို့မှာ အဆောက်အအုံ အပြိုအပျက်များ ထိမှန်ခြင်းကြောင့်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
ကျိုဒို

No comments:

Post a Comment