
မိမိတို့နိုင်ငံ၌ နှစ်ပေါင်းကြာရှည် နိုင်ငံရေး မငြိမ်မသက်မှု ဖြစ်ပေါ်ခဲ့မှု၏ ရလဒ်အဖြစ် စီးပွားရေးပြဿနာများ ဖြစ်ပေါ်နေချိန်တွင် အသုံးစရိတ် ခြိုးခြံချွေတာရေး အစီအစဉ်များ ကို မဖြစ်မနေ လုပ်ကိုင်ရလိမ့်မည်ဖြစ်ကြောင်း အီဂျစ် သမ္မတ အဗ္ဗဒီးဖာတား အယ်လ်စီစီက ဇူလိုင် ၃ဝ ရက်တွင် ပြောကြားလိုက်သည်။
သမ္မတ အယ်လ်စီစီသည် လူငယ်ညီလာခံ တွင် မိန့်ခွန်းပြောကြားရာ၌ ၎င်း၏ စီးပွားရေး မူဝါဒများနှင့် ပတ်သက်၍ ကာကွယ်ပြောကြား ခဲ့သည်။
စိတ်ပျက်
နိုင်ငံတော် စီးပွားရေး ချွတ်ခြုံကျရခြင်း အတွက် သမ္မတ ရာထူးမှ နုတ်ထွက်ပေးရန် အွန်လိုင်းပေါ်တွင် တောင်းဆိုသံများ ပေါ် ထွက်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် လူငယ် ညီလာခံကို ကျင်းပခြင်းဖြစ်သည်။ အွန်လိုင်း ပေါ်တွင် မမှန်မကန် ရေးသားဖော်ပြထား သော လွှင့်တင်ချက်များနှင့် ပတ်သက်၍ မိမိ အကြီးအကျယ် စိတ်ပျက်ခဲ့ရကြောင်း သမ္မတ အယ်လ်စီစီက ပြောကြားခဲ့သည်။
အီဂျစ်နိုင်ငံ၌ ပြီးခဲ့သည့် နွေရာသီက စီးပွားရေးပြုပြင်ပြောင်းလဲရေး မူဝါဒများအရ အသုံးစရိတ် ခြိုးခြံချွေတာရေး အစီအစဉ်များ ကို ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းအစီအစဉ် များတွင် စက်သုံးဆီဈေးနှုန်း၊ သောက်ရေဈေး နှုန်း၊ လျှပ်စစ်ဓာတ်အား သုံးစွဲခ (မီတာခ)မြှင့်တင်ခြင်းတို့ ပါဝင်သည်။
အီဂျစ်နိုင်ငံ၌ ၂ဝ၁၁ ခုနှစ်က လူထုအုံကြွ မှု ဖြစ်ပေါ်ခဲ့ရပြီးနောက် နှစ်ပေါင်းကြာရှည် နိုင်ငံရေး မငြိမ်မသက်ဖြစ်မှုနှင့် တွေ့ကြုံခဲ့ရ ပြီးနောက် စီးပွားရေးပြန်လည် ဦးမော့လာစေ ရန် အစိုးရအဖွဲ့က ခြိုးခြံချွေတာရေး အစီအမံ များကို ချမှတ်ကျင့်သုံးခဲ့ရသည် ဆို၏။
လုပ်ကိုင်
စီးပွားရေးအရ ချွတ်ခြုံကျနေသော မိမိ၏ နိုင်ငံ ပြန်လည်နာလန်ထူနိုင်စေရေးအတွက် မိမိ၏ အစိုးရအဖွဲ့က လုပ်ကိုင်နေချိန်မှာပင် သမ္မတဖြုတ်ချရေးကို လှုံ့ဆော်သည့် လှုပ်ရှားမှု အွန်လိုင်းတွင် တွေ့ရှိရခြင်းအတွက် မိမိမှာ အကြီးအကျယ် စိတ်ပျက်ခဲ့ရကြောင်း အယ်လ် စီစီက ပြောကြားသည်။
သမ္မတရာထူးတွင် မိမိစတင် တာဝန်ယူ ချိန်မှစ၍ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အိုးအိမ်စီမံကိန်း လုပ်ငန်းများကို ဒေါ်လာငွေ ဘီလီယံပေါင်း များစွာ အကုန်အကျခံ၍ လုပ်ကိုင်လာခဲ့ ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
အေအက်ဖ်ပီ
No comments:
Post a Comment