Tuesday, July 3, 2018

ရေဘေးကာကွယ်ရေးတာများ တောင့်တင်းခိုင်မာအောင် ပြင်ဆင်ထား

Image may contain: sky, cloud, outdoor and nature
ပဲခူး ဇူလိုင် ၂
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင်သည် မြို့နယ်ရှစ်ခုဖြင့်
ဖွဲ့စည်းထားပြီး ယင်းတို့အနက် ပဲခူး၊ သနပ်ပင်၊
ဝေါ၊ ညောင်လေးပင်နှင့် ကျောက်တံခါး စသည့်
မြို့နယ်များတွင် ဆည်မြောင်းနှင့် ရေအသုံးချမှု
စီမံခန့်ခွဲရေးဦးစီးဌာနမှ ရေဘေးကာကွယ်ရေး
တာ ရှစ်ခု တည်ဆောက်၍ ကာကွယ်ထားလျက်ရှိရာ အဆိုပါ ရေဘေးကာကွယ်ရေးတာများကို တောင့်
တင်းခိုင်မာစေရေးအတွက် သော်လည်းကောင်း၊ ရေတိုက်စားမှုကြောင့် ကမ်းပြိုပြီး တာတမံကို
ထိခိုက်လာနိုင်သည့် နေရာများတွင် ပန်းတာများ
တည်ဆောက်ပေးခြင်းဖြင့် လည်းကောင်း ယခုနှစ် မိုး
ရာသီတွင် ရေဘေးကာကွယ်ရေး ဧရိယာအတွင်းရှိ လယ်မြေများ၊ မြို့၊ ရွာများ ထိခိုက်ပျက်စီးမှု မရှိ
စေရေးအတွက် ပြုပြင်ထိန်းသိမ်းဆောင်ရွက် ထားပြီးဖြစ်ကြောင်း သိရသည်။
ပဲခူးခရိုင်အတွင်းရှိ ရေဘေးကာကွယ်ရေး
တာများထဲမှ စစ်တောင်းမြစ်တာသည် အလျား ၄၉ မိုင် ၁ဖာလုံရှိပြီး အရှည်လျားဆုံးဖြစ်ကာ စစ်တောင်းမြစ်ရေဝင်ရောက်မှုကို တားဆီးကာ
ကွယ်ပေးလျက်ရှိပြီး ၁၈၈၃ ခုနှစ်ကတည်းက တည်
ဆောက်ပြီးစီးခဲ့သည့် တာတစ်ခုဖြစ်သောကြောင့်
သက်တမ်းကြာမြင့်လာခြင်း၊ စစ်တောင်းမြစ်၏
ရေစီးရေလာ ပြောင်းလဲခြင်းကြောင့် ကမ်းပါး
တိုက်စားမှုများဖြစ်ပေါ်လာခြင်းတို့ကြောင့် တာတမံ
တောင့်တင်းခိုင်မာမှုရှိစေရန် ပြုပြင်တည်ဆောက်
ပေးခြင်း၊ ပန်းတာများတည်ဆောက်ခြင်းတို့ကို ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန
မှဆောင်ရွက်ခဲ့သည်။
၂ဝ၁၇ ခုနှစ် မိုးရာသီအတွင်းတွင် စစ်တောင်း
တာမိုင် (၂၄/၃) နှင့် (၂၅/၂) အကြား ညောင်လေးပင်
မြို့နယ် ပြင်ရေကြီးကျေးရွာအနီး၌ စစ်တောင်း
မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုများ ဖြစ်ပွား
လာကာ တာတမံကြံ့ခိုင်မှုကို ထိခိုက်လာသဖြင့်
အရေးပေါ်ပြင်ဆင်ခဲ့ရ၍ ယခုနှစ် ပွင့်လင်းရာသီ
တွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ စီမံခန့်ခွဲမှု
ဖြင့် ပန်းတာတည်ဆောက်ရန် ၂ဝ၁၇-၂ဝ၁၈ ခုနှစ်
တိုင်းဒေသကြီး ပိုလျှံရန်ပုံငွေမှ ရန်ပုံငွေခွဲဝေ ချထား ပေးခဲ့ပြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး
ဦးစီးဌာနမှလည်း ၂ဝ၁၈ ခုနှစ် မတ်လအတွင်းပြီးစီး
အောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသိရသည်။
ထို့အပြင် ကျောက်တံခါးမြို့နယ်အတွင်းရှိ စစ်တောင်းတာတာမိုင် (၁/ဝ) မှ (၄/၂ )အတွင်း
တွင် နှစ်စဉ်ထူးပေါက်များဖြစ်ပွားလေ့ရှိပြီး တာတမံ
ကြံ့ခိုင်မှုကို ထိခိုက်စေနိုင်သဖြင့် ယခုနှစ် မိုးရာသီ
မတိုင်မီ အဆိုပါအပိုင်းကို တောင့်တင်းခိုင်မာမှု
ရှိစေရန်ပြင်ဆင်ထားပြီး ဖြစ်ကြောင်းလည်း
သိရသည်။ အလားတူ ပဲခူးခရိုင်အတွင်းရှိ အခြား
တာတမံများကိုလည်း လိုအပ်ချက်ရှိသည့် နေရာများ
အလိုက် ပြုပြင်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန
မှ သိရသည်။
ပဲခူးခရိုင်အတွင်း ရေဘေးကာကွယ်ရေး
တာ ရှစ်ခုရှိပြီး စုစုပေါင်းအလျားမိုင် ၁၆၆ မိုင် ၎
ဖာလုံရှိကာ ရေဘေးကာကွယ်ရေးဧရိယာ ၂၅၁၂၆၁
ဧကရှိပြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ
ရေးဦးစီးဌာနအနေဖြင့် ယခုနှစ်မိုးရာသီတွင် ရေဘေးကာကွယ်ရေးတာများ၌ ရေကင်းစခန်း
စုစုပေါင်း ၄၂ ခု ထားရှိကာ စောင့်ကြပ်ထိန်းသိမ်း
ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ သတ်မှတ်နေရာ များတွင် အရေးပေါ်သုံးပစ္စည်းများဖြစ်သည့် ပီနံ
အိတ်၊ ယိုင်ဖျာနှင့် ဝါးစသည်တို့ကို စုဆောင်း
ထားရှိခြင်းများကိုပြုလုပ်ကာ တာတမံများ
ကျိုးပေါက်ပျက်စီးခြင်းမရှိစေရန် ကြိုတင်စီမံဆောင်
ရွက်ထားပြီးဖြစ်ကြောင်းလည်း သိရသည်။
သူရိန်ထွန်း(ပဲခူး)

No comments:

Post a Comment