Tuesday, July 3, 2018

Image may contain: sky, bridge, cloud, outdoor, nature and water
ကျွန်းလှ ဇူလိုင် ၂
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်
အနောက်ဘက်ခြမ်းရှိ ဝေလမူကျေးရွာ နှင့် သက္ကယ်ကျင်းကျေးရွာကြား မိုင်း
ဝန်းချောင်းကူးတံတားမှာ ရာနှုန်းပြည့် တည်ဆောက်ပြီးစီး၍ သွားလာရေး အဆင်ပြေကြောင်း သိရသည်။
မိုင်းဝန်းချောင်းကူးတံတား ( ၄၃၇x
၁ဝx ၁၂) ပေသံပေါင်၊ အသားခင်း၊ လက်ရန်းပါကို တိုင်းဒေသကြီး အစိုးရ
အဖွဲ့မှ သံပေါင်များ ထောက်ပံ့မှု၊ ကျေးရွာအုပ်စုလေးအုပ်စု ပြည်သူများ
၏ လုပ်အား၊ အလှူရှင်များလှူဒါန်းမှု
တို့ဖြင့် ငွေကျပ်သိန်း ၈ဝဝ ခန့် ကုန်ကျ
ခံ၍ ၂ဝ၁၇ ခုနှစ် အောက်တိုဘာလမှ
စတင်တည်ဆောက်ခဲ့ရာ ရာနှုန်းပြည့်
ပြီးစီးနေပြီဖြစ်ကြောင်း သက္ကယ်ကျင်း ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဆန်း
ထွန်းကိုက ပြောကြားသည်။
သဖန်းဆိပ်ဆည် အနောက်ဘက်
ခြမ်းတွင် မိုင်းဝန်းချောင်းရှိပြီး ချောင်း
ရေလာချိန်များတွင် ရေစီးသန်၍ သွားလာရေးခက်ခဲကြောင်း၊ ချောင်း
ကူးရာတွင် အခကြေးငွေ ပေးကူးရ
ကြောင်း၊ ယခုလို တံတားအခိုင်အမာ
တည်ဆောက်ခြင်းဖြင့် ကျေးရွာပေါင်း
၃ဝ ကျော်မှ ပြည်သူများ ရာသီမရွေး
သွားလာနိုင်ပြီး ပညာရေး၊ ကျန်းမာရေး၊
စီးပွားရေး၊ စိုက်ပျိုးရေး၊ လူမှုရေးနှင့်
ကုန်စည်ကူးသန်းမှုလုပ်ငန်းများ ဖွံ့ဖြိုး
တိုးတက်လာမည်ဖြစ်ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)

No comments:

Post a Comment