Saturday, July 28, 2018

ကိုရီးယားစစ်ပွဲအတွင်း ကျဆုံးခဲ့သော အမေရိကန်စစ်သည်များ၏ ရုပ်ကြွင်းများကို မြောက်ကိုရီးယားမှ ပြန်လည်သယ်ဆောင်

Image may contain: one or more people, people standing, sky and outdoor
ဆိုးလ် ဇူလိုင် ၂၇
အမေရိကန်စစ်ဘက်မှ လေယာဉ်တစ်စင်းသည် ရုပ်ကြွင်း ၅ဝ ကျော်ကို သယ်ဆောင်လျက် ဇူလိုင် ၂၇ ရက်တွင် မြောက်ကိုရီးယားနိုင်ငံမှ တောင်ကိုရီးယားသို့ ပျံသန်းလာ ခဲ့ကြောင်း၊ ယင်းရုပ်ကြွင်းများ ပြန်လည်လွှဲပြောင်းပေးအပ် ခြင်းအတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် အား အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကျေးဇူးတင် စကားဆိုခဲ့ကြောင်း သမ္မတထရန့်၏ အင်တာနက်တွစ်တာ စာမျက်နှာ၌ ရေးသားဖော်ပြထားသည်။
ကိုရီးယားစစ်ပွဲပြီးဆုံးခြင်း (၆၅)နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် အမေရိကန်စစ်သည်များ၏ ရုပ်ကြွင်းများကို ပြန်လည်လွှဲပြောင်းပေးအပ်ရန် လွန်ခဲ့ သည့်လအတွင်းက စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့် သမိုင်းဝင်ထိပ်သီးဆွေးနွေးပွဲတွင် အမေရိကန်သမ္မတနှင့် မြောက်ကိုရီးယားခေါင်းဆောင်တို့ သဘောတူညီခဲ့ကြသည်။
နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးနောက် ယခုကဲ့သို့ ရုပ်ကြွင်းများပြန်လည်ပေးအပ်ခြင်းသည် သက်ဆိုင်ရာ စစ်မှုထမ်းဟောင်းများ၏ မိသားစုဝင် အများအပြားအတွက် ကြီးမြတ်သော အခါသမယဖြစ်၍ ကင်ဂျုံအန်အား ကျေးဇူးတင်ရှိကြောင်း ထရန့်က ၄င်း၏ တွစ်တာစာမျက်နှာ တွင် ရေးသားခဲ့သည်။
အမေရိကန်စစ်သည်များ၏ ရုပ်ကြွင်းများ ပြန်လည် ရရှိခြင်းသည် အပြုသဘောဆောင်သည့် အပြောင်းအလဲ ဖြစ်ပေါ်လာစေရန် တွန်းအားတစ်ရပ်ဖြစ်ကြောင်း အိမ်ဖြူ တော်က ပြောကြားခဲ့သည်။
ကိုရီးယားစစ်ပွဲကာလအတွင်း မြောက်ကိုရီးယားနိုင်ငံ တွင် ပျောက်ဆုံးနေသော အမေရိကန်စစ်သည် ၅၃ဝဝ ခန့်ကို မြေပြင်ကွင်းဆင်းရှာဖွေမှု ပြုလုပ်လာနိုင်စေရေး အတွက် ပဏာမအဆင့်လည်းဖြစ်ကြောင်း အိမ်ဖြူတော်က ပြောကြားသည်။
အမေရိကန်စစ်သည် ၅၅ ဦး၏ ရုပ်ကြွင်းများကို တင်ဆောင်ထားသည့် စီ-၁၇ အမျိုးအစား သယ်ယူပို့ဆောင် ရေးလေယာဉ်သည် မြောက်ကိုရီးယားနိုင်ငံ၏ ပင်လယ် ဆိပ်ကမ်းမြို့ ဝန်ဆမ်မှ ပျံသန်းထွက်ခွာလာခဲ့ပြီးနောက် တောင်ကိုရီးယားနိုင်ငံ အိုဆန်မြို့ရှိ အမေရိကန်လေတပ် အခြေစိုက်စခန်းတွင် ဆင်းသက်ခဲ့ရာ တောင်ကိုရီးယားနှင့် အမေရိကန်စစ်သည်များက အခမ်းအနားဖြင့် ကြိုဆိုကြ သည်။
အဆိုပါ လေယာဉ်တွင် အမေရိကန်စစ်သည် ၅၅ ဦးတို့၏ ရုပ်ြ<ွကင်းများပါရှိကြောင်း တောင်ကိုရီးယားအခြေ စိုက်ကုလသမဂ္ဂစစ်ဌာနချုပ် (ယူအင်န်စီ)က အတည်ပြု ပြောကြားသည်။
အေအက်ဖ်ပီ

No comments:

Post a Comment