Saturday, July 28, 2018

ထီးချိုင့်မြို့ မောင်းကုန်းဈေးအတွင်းရှိ အမှိုက်ပုံနှင့် လမ်းဘေးဈေးသည်များ ရှင်းလင်းပေးစေလို

ထင်သာမြင်သာပြုပြင်စရာ

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာ ကားလမ်းအရှေ့ ဘက်ခြမ်းဈေးအတွင်းရှိ   အမှိုက်ပုံကြီးမှ  ထွက်ရှိသောအနံ့ဆိုးများကြောင့်  ဈေးသူဈေးသားများနှင့် ပတ်ဝန်းကျင်ရှိလူများ၏ ကျန်းမားရေးထိခိုက်နိုင်ကြောင်း နှင့်  ကားလမ်းမကြီးဘေးဝဲယာတွင်   ရောင်းချနေသောဈေးသည်များကြောင့်   အသွားအလာကျပ်ပြီး ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏဖြစ်ပေါ်ကာ ခရီးသွား ပြည်သူများ အခက်အခဲရှိနေသည်။
''ဈေးသူဈေးသားတွေဟာ ဈေးကောက်နဲ့ဆိုင်ခန်း လစဉ်ကြေးတွေ ပုံမှန်ပေးဆောင်ရပါတယ်။ ဒီအမှိုက်ပုံ ကိုတော့     ရှင်းလင်းပေးခြင်းမရှိပါဘူး။       တစ်နေ့ထက်တစ်နေ့ များများလာတယ်။အခုဆို မိုးရွာတော့    ဒီအမှိုက်ပုံက    ထွက်တဲ့အနံ့ဆိုးတွေကြောင့်   ဈေးသူဈေးသားနဲ့ပတ်ဝန်းကျင်မှာနေတဲ့ ပြည်သူတွေ    ကျန်းမာရေးထိခိုက်မှာ  စိုးရပါတယ်။   နောက်ပြီးတော့   ကားလမ်းနံဘေး မေးတင်ရောင်းချနေတဲ့ ဈေးသည်တွေကြောင့်    အသွားအလာကျပ်ကာ ယာဉ်ကြော  ပိတ်ဆို့မှုတွေဖြစ်ပေါ်ပြီး ယာဉ်တိုက်မှုလည်း မကြာခဏဖြစ်နေပါတယ်''ဟု ဒေသခံပြည်သူတစ်ဦးက ပြောသည် ။
အဆိုပါမောင်းကုန်းကျေးရွာသည် မ္တလေး - ဗန်းမော်- မြစ်ကြီးနား မဟာဗျူဟာ ကားလမ်းမကြီး ဝဲယာတွင်ရှိပြီး နီကယ် သတ္တုစက်ရုံနှင့် ဂရိတ်ဝေါလ်ဝေမာ သကြားစက်ရုံ တည်ဆောက်ထားမှုကြောင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိကာ အသွားအလာများပြားပြီး အလွန်စည်ကားသော  ကျေးရွာတစ်ရွာဖြစ်ကြောင်း  သိရသည်။
ကျော်ခဲ-ထီးချိုင့်

No comments:

Post a Comment