Saturday, July 28, 2018

ပဲခူးတိုင်းဒေသကြီး ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ် ထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိ

Image may contain: 3 people, tree, sky, house, outdoor and nature
ပဲခူး ဇူလိုင် ၂၇
အမျိုးသား သဘာဝဘေးအ္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အတူ ယနေ့နံနက်ပိုင်းက ပဲခူးမြို့ရှိ ယာယီရေဘေးရှောင်စခန်းများသို့ သွားရောက် ၍ ရေဘေးသင့်ပြည်သူများကို တွေ့ဆုံအားပေးစကားပြောကြားပြီး လိုအပ်သော စားနပ်ရိက္ခာနှင့် လူမှုရေးအကူအညီများကို ထောက်ပံ့ပေးသည်။
ပြည်ထောင်စုဝန်ကြီးသည် ပဲခူးမြို့ပေါ်ရှိ မွန်”ဓမ္မာရုံ၊ မိုးလုံလေလုံအားကစား ခန်းမ၊ ရွှေနံ့သာဘုန်းတော်ကြီးကျောင်းနှင့် ကြခတ်ဝိုင်းဘုန်းတော်ကြီးကျောင်း များတွင် ဖွင့်လှစ်ထားသော ရေဘေးရှောင်စခန်းရှိ ရေဘေးသင့်ပြည်သူများကို အားပေးစကားပြောကြားရာတွင် က္ဘာ့နေရာအသီးသီးတွင် ရာသီဥတုပြောင်းလဲ မှုကြောင့် သဘာဝဘေးအ္တရာယ်များ ပိုမိုဖြစ်ပွားလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ တွင်လည်း ယခုလအတွင်း မြန်မာနိုင်ငံ၏ နေရာဒေသအချို့တွင် မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသဖြင့် နိုင်ငံတော်အကြီးအကဲများကိုယ်တိုင် လိုက်လံကြည့်ရှုအားပေးထောက်ပံ့လျက်ရှိပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ပဲခူးမြို့၊ မဒေါက်မြို့၊ ရွှေကျင်မြို့များသည် စိုးရိမ်ရေမှတ်အထက်တွင် ရှိနေပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိသောကြောင့် ပြည်သူအချို့ကို ရေဘေးရှောင် စခန်းများ ဖွင့်လှစ်ထားရှိနေရကြောင်း၊ ယာယီစခန်းများတွင် ခေတ္တနေထိုင် စဉ်ကာလအတွင်း စားနပ်ရိက္ခာနှင့် ကျန်းမာရေး၊ လူမှုရေး လိုအပ်ချက်များကို ပြည်ထောင်စု အစိုးရအနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်အတူ ထိရောက်စွာကူညီ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ရေဘေးသင့်ပြည်သူများအတွက် လိုအပ် ချက်အလိုက် ဆက်လက်ထောက်ပံ့မှုများ၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများကလည်း ပကတိအခြေ အနေအရ လိုအပ်ချက်များကို ဆွေးနွေး အကြံပြုကြစေလိုကြောင်း ပြောကြားပြီး ဆန်၊ စားသုံးဆီ၊ ငါးသေတ္တာ၊ ခေါက်ဆွဲ ခြောက်၊ ကလေးများအတွက် ပဲနို့နှင့် မုန့်များ၊ ကိုယ်ဝန်ဆောင်များနှင့် ကလေး ငယ်များအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် မဒေါက်မြို့သို့ရောက်ရှိကြ ပြီး တံခွန်တိုင်ဘုန်းတော်ကြီးကျောင်း တွင် ဖွင့်လှစ်ထားသည့် ယာယီရေဘေး ရှောင်စခန်းရှိ ပြည်သူများကို တွေ့ဆုံ အားပေးစကားပြောကြားကာ ရွှေမြတ်လေး ပရဟိတ အဆောက်အအုံတွင်ြ>ွပန်တန်ဆာမြို့မှ ရွှေဇာမြေ လူမှုကူညီ ရေးအသင်းနှင့် ပြည်သူများက ရေဘေး ရှောင်ပြည်သူများအတွက် လှူဒါန်း သော ဆန်၊ ဆီ၊ ငါးသေတ္တာ၊ ခေါက်ဆွဲ ခြောက်၊ ရေသန့်နှင့် အာဟာရမုန့်များကို လက်ခံရယူကာ ရေဘေးသင့်ပြည်သူများ ထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ရွှေကျင်မြို့ နှစ်ကျိပ်ရှစ်ဆူ မြို့ဦးဓမ္မာရုံတွင် ဖွင့်လှစ် ထားရှိသော ရေဘေးရှောင်စခန်းသို့ ရောက်ရှိပြီး ရေဘေးသင့် ပြည်သူများကို အားပေးစကား ပြောကြားကာ ဆန်၊ ဆီ၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်နှင့် လူမှု ရေးအရ ထောက်ပံ့ရန်လိုအပ်သူများကို ထောက်ပံ့ငွေများပေးအပ်သည်။ ယနေ့ ထောက်ပံ့ငွေ စုစုပေါင်းတန်ဖိုးမှာ ငွေကျပ်$ ၄၅၁ သိန်းကျော် ဖြစ်ကြောင်း သိရှိရသည်။
ယနေ့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန် ချက်အရ နောက်နှစ်ရက်အတွင်း မိုးပိုမို အားကောင်းစွာ ဆက်လက်ရွာသွန်း နိုင်ပြီး စိုးရိမ် ရေမှတ်အထက်တွင် ဆက်လက် တိုးမြင့်လာနိုင်သည်။ ထို့ကြောင့် အမျိုးသားသဘာဝဘေး အ္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ၏ ဦးဆောင်မှုနှင့် ဝန်ကြီးဌာနအနေ ဖြင့် သဘာဝဘေးအ္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများနှင့် အလျင်အမြန် တုံ့ပြန်နိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူများ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment