Tuesday, July 31, 2018

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး ရေဘေးသင့်ပြည်သူများအတွက် ကမ္ဘောဇဘဏ်နှင့် ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ ငွေကျပ် သိန်း ၅ဝဝ စီ လှူဒါန်း

Image may contain: 8 people, people smiling, people standing
ရန်ကုန် ဇူလိုင် ၃ဝ
ကမ္ဘောဇဘဏ်နှင့် ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာ ဖောင်ဒေးရှင်းက မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသ ကြီးမှ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေကျပ် သိန်း ၅ဝဝ စီကို မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ ဇူလိုင် ၃ဝ ရက်တွင် သီးခြားစီသွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်အစိုးရ အဖွဲ့ရုံး၌ ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သော ကဏ္ဍအသီးသီးတွင် အချိန်နှင့်တစ်ပြေးညီ အသုံးပြုနိုင်ရန်အတွက် ငွေကျပ် သိန်း ၅ဝဝ ကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ ထံသို့ ကမ္ဘောဇဘဏ်နှင့် ကမ္ဘောဇအနာဂတ် အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ တာဝန်ရှိသူ ဦးမျိုး ဆန်းက ပေးအပ်လှူဒါန်းရာ မွန်ပြည်နယ်ဝန်ကြီးချုပ်က ''ပြည်သူများလိုအပ်ချက်ရှိတိုင်း ကမ္ဘောဇကလှူဒါန်းပေးမှု တွေကို ကျေးဇူးတင်ပါတယ်။ ဒီလှူဒါန်းမှုတွေနဲ့ ရေဘေး သင့်ပြည်သူတွေ လိုအပ်နေတဲ့ ဆန်၊ ဆီ၊ ဆေးနဲ့ အခြား လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကိုဝယ်ယူပြီး အမြန် ဆုံး ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်''ဟု ပြန်လည်ပြောကြားခဲ့ သည်။
ကျေးဇူးတင်ဝမ်းမြောက်
ထို့အတူ ယနေ့မွန်းလွဲပိုင်းက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သောကဏ္ဍအသီးသီးတွင် အသုံးပြုနိုင်ရန်အတွက် ငွေကျပ် သိန်း ၅ဝဝ ကို တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်ထံ ကမ္ဘောဇဘဏ်နှင့် ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ တာဝန်ရှိသူ ဒေါ်သင်းသင်းမိုးနှင့် ဦးရဲသွေးဦးတို့က ပေးအပ်လှူဒါန်းခဲ့သည်။ လှူဒါန်းမှုနှင့် ပတ်သက်ပြီး တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်က ''တနင်္သာရီမြစ်မှစတင်၍ ရေကြီးရေလျှံမှု ဖြစ်တာ ရက် ၂ဝ ကျော်နေပြီ ဖြစ်ပါတယ်။ KBZ Bank က အမြဲလှူဒါန်းပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါ တယ်။ နောက်တစ်နေ့မှာ တနင်္သာရီမြို့ ကယ်ဆယ်ရေး စခန်းတွေက အိမ်ထောင်စု ၂ဝဝ ကျော်နဲ့ လူဦးရေ ၁ဝဝဝ ကျော်အတွက် မြိတ်ဘဏ်ခွဲသုံးခုမှ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့အတူ လိုအပ်တဲ့ ဆန်၊ ဆီနဲ့ ကုန်ခြောက်တွေ သွားရောက်လှူဒါန်းမှာဖြစ်လို့ ကျေးဇူးတင်ဝမ်းမြောက်ပါတယ်''ဟု ပြန်လည်ပြောကြား ခဲ့သည်။
ဖောင်ဒေးရှင်းတည်ထောင်သူ ဒေါ်နန်းလိုင်းခမ်းနှင့် ဒေါ်နန်းခမ်းနောင့်တို့၏ ဦးဆောင်မှုဖြင့် ရေကြီးနစ်မြုပ်မှု ဖြစ်ပွားနေသော ဒေသများရှိ ကမ္ဘောဇဘဏ်ခွဲများရှိ အရာထမ်း၊ ဝန်ထမ်းများသည် ဒေသဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများ၊ ဒေသခံ ပရဟိတအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရေဘေးသင့်ပြည်သူများထံ အမြန်ဆုံးနှင့် အထိရောက်ဆုံး၊ အချိန်နှင့်တစ်ပြေးညီ ကူညီထောက်ပံ့ လှူဒါန်းလျက်ရှိသည်။ ထို့ပြင် ကမ္ဘောဇဘဏ်အရာထမ်း၊ ဝန်ထမ်းများကလည်း နီးစပ်ရာပရဟိတအဖွဲ့အစည်းများ နှင့်ပူးပေါင်း၍ ကယ်ဆယ်ရေးစခန်းများသို့ နံနက်စာ၊ နေ့လယ်စာနှင့် ညစာများ ချက်ပြုတ်လှူဒါန်းခြင်း၊ သောက်ရေသန့်များ၊ ဆေးဝါးများနှင့် လိုအပ်သော အသုံး အဆောင်ပစ္စည်းများကို နေ့စဉ် ကိုယ်တိုင်သွားရောက်၍ ကူညီထောက်ပံ့လှူဒါန်းပေးလျက်ရှိသည်။
ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း သည် လတ်တလောရေကြီးရေလျှံဖြစ်ပွားနေသည့် ကရင် ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသ ကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့် ပြည်သူများအား ကူညီထောက်ပံ့ရန် ငွေကျပ် သိန်းပေါင်း ၁ဝဝဝဝ ကို လှူဒါန်းသွားမည်ဖြစ်ပြီး ဖောင်ဒေးရှင်း စတင်တည်ထောင်ချိန်မှစ၍ ယနေ့အထိ ကဏ္ဍအသီးသီး တွင် နိုင်ငံတော်နှင့် ပြည်သူအတွက် စုစုပေါင်း ငွေကျပ် ၁၄၄ ဘီလီယံကျော်ကို လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရ သည်။
သူရလွင်(Eco)

No comments:

Post a Comment